Saturday, May 2, 2026

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊...

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...
HomeNewsLocal Newsဈေးကွက်အတွင်း ထိုင်းကုန်စည်များ ဈေးနှစ်ဆခန့်မြင့်တက်နေ

ဈေးကွက်အတွင်း ထိုင်းကုန်စည်များ ဈေးနှစ်ဆခန့်မြင့်တက်နေ

မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကို အကြောင်းပြ၍ ဈေးကွက်အတွင်းထိုင်းကုန်စည်များ ဈေးနှစ်ဆခန့်မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

နယ်စပ်လမ်းကြောင်း ပိ-တ်မှုကြောင့် ကုန်သည်အချို့သည် ကုန်ပစ္စည်းများကို သိုလှောင်ထားခြင်း၊ ဈေးကစားခြင်းများလည်း ပြုလုပ်မှုများရှိနေကြောင်းလည်း သိရသည်။

” ရုတ်တရက်ပိတ်လိုက်တာဆိုတော့ ခဏတော့ ဒုက္ခရောက်သွားမှာပေါ့။ မကြာခင်တော့ပြန်ဖွင့်ပေးမှာပါ။ Free trade တော့မဖြစ်တော့ဘူးပေါ့။ လိုင်စင်တွေလိုလာမယ်။ Tax တွေလိုလာမယ်။ အခုဆိုရင် ပိတ်တာမှတစ်ပါတ်ပဲရှိသေးတယ်။ ပစ္စည်းတွေပြတ်နေပြီ။ ဒါတွေဆိုမဖြစ်သင့်ဘူး” ဟု ကုန်သည် တစ်ဦးက ပြောသည်။

လက်ရှိဈေးကွက်အတွင်း ထိုင်းကုန်စည်များနေရာတွင် မြန်မာထုတ်ကုန်များဖြင့် အစားထိုးရောင်းချမှုများရှိလာပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ပြည်တွင်းထုတ်ကုန်ကို အားပေးရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ – ထိုင်းနယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် ထိုင်းဘက်ခြမ်းတွင် မြန်မာဘက်သို့ဝင်မည့် ကုန်ကားအစီးရေ (၅၀၀) ဝန်းကျင် လက်ရှိအချိန်ထိ ပိတ်မိနေကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို ဥပဒေအကာအကွယ်အောက်တွင် ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနေနိုင်အောင် ဆောင်ရွက်ပေးရန်တာဝန်မှု၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်၍ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေရန်၊ ပြည်သူလူထု၏ဆန္ဒများကို ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် တာဝန်ရှိမှုတို့ကို ပြောကြားသည်။ ဥပဒေပြုရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူများကိုကာကွယ်ပေးနိုင်သည့် ဥပဒေ ဟုတ်/မ ဟုတ်တို့ကို စိစစ်ဆောင်ရွက်ရန်၊ နိုင်ငံတော်တွင်လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကိုအချိန်နှင့်တစ်ပြေးညီ သိရှိထားရန်၊ လွှတ်တော်သည် နိုင်ငံနှင့် ပြည်သူလူထုအတွက် အားကိုးအားထားပြုရသည့်အဖွဲ့အစည်းတစ် ရပ်ဖြစ်အောင်ဆောင်ရွက်ရန် ပြောကြားသည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်းများဖွင့်လှစ်၍ ဒေသခံများ၏...

ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်နေ

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့၌ အပန်းဖြေရိပ်သာများတည်ဆောက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်မှ ဧပြီ ၃၀ ရက်ကကြည့်ရှုစစ် ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ဒဂုံတက္ကသိုလ်ရှိ အပန်းဖြေ ရိပ်သာတည်ဆောက်နေမှု၊ တက္ကသိုလ်‌ဘောလုံးကွင်းများအဆင့်မြှင့်တင်နိုင်ရေး၊ ရန်ကုန်ပညာရေးတက္ကသိုလ်၌ အပန်းဖြေရိပ်သာတည်ဆောက်ရန်ဆောင်ရွက်နေမှု၊ ပြည်၊ ပုဂံ၊ တကောင်း၊ သံပျင်၊ အမရာ အဆောင်များနှင့် အားကစားကွင်းများအတွက် လျာထားနေရာများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီတည်ဆောက်ပြီးစီးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး ပွဲစျေး မြင်ကွင်းများ

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား တို့အား ရည်မှန်းထားတော်မူသော ရုပ်ပွားတော် လေးဆူသည် အရပ်မျက်နှာအသီးသီးသို့ မျက်နှာမူလျက် ကျောတော်များကပ်၍ တင့်တယ်စွာ စံတော်မူဟန်ဖြင့် တည်ထားကိုးကွယ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071