Saturday, September 19, 2026

ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆)...

နေပြည်တော်၊ စက်တင်ဘာ ၁၈ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း...

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...
HomeNewsLocal Newsဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးသွားမည်ဟု နစက...

ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းနှင့်ပြည်နယ်အလိုက် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစက ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းကတွေ့ဆုံစဉ် နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၏ဆွေးနွေးပြောကြားမှုကို နစက ဥက္ကဋ္ဌမှဖြည့်စွက်ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရန် ရေနံစိမ်းတိုးမြှင့်ထုတ်ယူနိုင်ရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် တိုင်းနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးမြေအဖြစ် သုံးစွဲရန်မသင့်လျော်သည့်နေရာများ၊ မြေလွတ်မြေရိုင်းနေရာများကို စိစစ်ဖော်ထုတ်ရမည်ဟု မှာကြသည်။

ထိုသို့ စိစစ်ဖော်ထုတ်ပြီးပါက ယင်း မြေနေရာများတွင် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်မှစီစဉ်ဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ MSME လုပ်ငန်းများ၌ လျှပ်စစ်မီးလိုအပ်ချက်ကို ဆိုလာစနစ်ဖြင့်ဆောင်ရွက်ပါက လုပ်ဆောင်ပြီး (၃)နှစ်တာကာလအတွင်း အရင်းကြေကာလသို့ ရောက်ရှိနိုင်မည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ကြောင့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် MSME လုပ်ငန်းများအား ဆိုလာစနစ်အသုံးပြု၍ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် အသိပညာပေးရမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ခိုင်ဖြိုးပါတီ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၈ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို စက်တင်ဘာ ၁၈ ရက်က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း ပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွမ်းလောင်းလှူပွဲကို ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ကြီးမှ စတင်၍ မြို့လယ်ကျောက်တိုင်အနီးရှိ ဦးရေဝတလမ်းဝအထိ ကျင်း ပသွားမည်ဖြစ်သည်။ အဆိုပါဆွမ်းလောင်းလှူပွဲသို့ ကျိုက္ခမီမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းမှ ဝါဆိုရဟန်းသံဃာတော် ၂၉၀ ပါး၊ ဝါဆိုရှင်သာမဏေ ၁၉၂ ပါးနှင့် သီလရှင် ၁၄ ပါး၊ စုစုပေါင်း ၄၉၆...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ရိုးရာပွဲလမ်းသဘင်များ ပြန်လည်ကျင်းပခြင်းမှတစ်ဆင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် လူမှုဘဝပြန်လည်တက်ကြွလာရေးတို့ကို ရည်ရွယ်ထားကြောင်း ဆိုထားသည်။ အဆိုပါကိစ္စအပါအဝင် သီပေါမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လျှပ် စစ်ဓာတ်အား ပြန်လည်ရရှိရေး၊ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071