မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း–ပုပ္ပါး လမ်းမပေါ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ပေါက်ချောင်းရေ မြင့်တက်လျှံမှု ဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီး ရေစီးနှင့်အတူ မျှောပါသွားသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၆ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် ဆည်ပေါက်ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသည်များသည် ရေစီးအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေအပေါ် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ယာဉ်ပေါ်တွင် ပါရှိသည့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် ကလေး ၃ ဦး စုစုပေါင်း ၁၉ ဦးအား ညနေ ၆ နာရီ ၃၄ မိနစ်ခန့်တွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ဒ-ဏ်ရာရရှိမှုများနှင့် ပျ-က်စီးဆုံးရှုံးမှုအခြေအနေများကို ဆက်လက် စိစစ်လျက်ရှိကြောင်း သိရသည်။
