Tuesday, June 23, 2026

မလေးရှား စခန်း ၁၅ ခုတွင်...

နေရပ်ပြန်ပို့ဆောင်မည့်စာရင်းကို သံရုံးက အသိပေးထုတ်ပြန်ပေးမည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေး စခန်း ၁၅ ခုတို့တွင် ထိန်းသိမ်းထားရသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ အာကာသပြတိုက်သို့ လေ့လာရေးခရီးလှည့်လည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့တွင် အာကာသပြတိုက် (ရန်ကုန်) သို့ သွားရောက်ကာ ခေတ်မီအာကာသသိပ္ပံနှင့်...

ရန်ကုန်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရုံးအဆောက်အအုံများကို...

ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။ အဆိုပါ...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ လာမည့် ၂၄ နာရီအတွင်းရေပြန်ကျနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လည်တည်ရှိမည်ဟု မိုးဇလက ယနေ့ ဇွန် ၂၃...
HomeNewsLocal Newsစားသုံးဆီတင်သွင်းကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂...

စားသုံးဆီတင်သွင်းကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ဗဟိုဘဏ် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူရရှိထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် (၂,၈၈၄,၃၄၂.၅၀ ဒေါ်လာ) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အမေရိကန်ဒေါ်လာ ၈၄,၂၄၅.၈၄ ကိုလည်း CMP ကုမ္ပဏီများထံသို့ ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပပြုလုပ်သည့် FX Trading အစီအစဉ်တွင် နိုင်ငံခြားငွေဝယ်ယူရရှိမှု အချိုးအစားအရ ကားနှင့် ဆိုင်ကယ် အပိုပစ္စည်းကဏ္ဍက ၄၂ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ပြီး အခြားကုန်ပစ္စည်းများနှင့် Non-Trade Transaction များက ၁၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စားသုံးဆီနှင့် စက်မှုကုန်ကြမ်းကဏ္ဍများက ၉ ရာခိုင်နှုန်းစီ၊ ဆိုလာစွမ်းအင်ကဏ္ဍက ၇ ရာခိုင်နှုန်း၊ မျိုးစေ့ကဏ္ဍက ၆ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြသည်။

စားသုံးကုန်စည်နှင့် ကား/ဆိုင်ကယ် အပိုပစ္စည်းကဏ္ဍများက ၄ ရာခိုင်နှုန်းစီ ရရှိခဲ့ပြီး စက်သုံးဆီနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍများက ၃ ရာခိုင်နှုန်းစီ ရရှိခဲ့ကြောင်း သိရသည်။ ထုတ်ပိုးမှုဆိုင်ရာ ပစ္စည်းများကလည်း ၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းလိုအပ်ချက်ရှိသည့် အခြေခံစားသုံးကုန်များ၊ စက်မှုကုန်ကြမ်းများနှင့် ထုတ်လုပ်မှုကဏ္ဍများအတွက် နိုင်ငံခြားငွေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးကို ရည်ရွယ်၍ FX Trading အစီအစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှား စခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ဆောင်နိုင်ရေးဆောင်ရွက်နေ

နေရပ်ပြန်ပို့ဆောင်မည့်စာရင်းကို သံရုံးက အသိပေးထုတ်ပြန်ပေးမည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေး စခန်း ၁၅ ခုတို့တွင် ထိန်းသိမ်းထားရသည့် မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသားမှန်ကန်မှု ရှိမရှိ စိစစ်ရာတွင် ကာယကံရှင်များ၏ ကိုယ်ပိုင်သဘောထား ဆန္ဒအရ တင်ပြလျှောက်ထားလာသည့် နေရပ်ပြန်လိုသူများကိုသာ သက်ဆိုင်ရာဝန်ကြီးဌာ နနှင့် ပူးပေါင်း၍ စိစစ်ပြီး ပြန်လည်ပို့ဆောင်ရေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ စခန်းအလိုက် ပမဏာအဆင့် နိုင်ငံသားစိစစ်နိုင်သူစာရင်း နှင့် စခန်းအလိုက် နေရပ်ပြန်ပို့ဆောင်မည့်လူစာရင်များကို မြန်မာသံရုံး၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။ လက်ရှိ မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း...

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ အာကာသပြတိုက်သို့ လေ့လာရေးခရီးလှည့်လည်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့တွင် အာကာသပြတိုက် (ရန်ကုန်) သို့ သွားရောက်ကာ ခေတ်မီအာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို စနစ်တကျ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။ ထိုသို့လေ့လာရာတွင် မြန်မာအာကာသအေဂျင်စီမှ နည်းပညာရှင်များနှင့် ပညာရှင်များက ပြခန်းတစ်ခုချင်းစီအလိုက် ခေတ်မီဆန်းသစ်သော ပြသကွက်များကို အသေးစိတ် လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ပြတိုက်အတွင်းရှိ ကမ္ဘာ့အဆင့်မီ စကြာဝဠာအာကာသဆိုင်ရာ ပြခန်းကြီးများကို စိတ်ဝင်တစား လေ့လာခဲ့ကြရာ - အာကာသနက်နဲမှု ရှာဖွေရေးပြခန်း နေအဖွဲ့အစည်းအတွင်း စူးစမ်းလေ့လာနေသည့် လကမ္ဘာနှင့် အင်္ဂါဂြိုဟ်သွား...

ရန်ကုန်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရုံးအဆောက်အအုံများကို ဇူလိုင် ၁ ရက်မှစ၍ ငလျင်အန္တရာယ် စစ်ဆေးမည်

ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုအပေါ် စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။ အဆိုပါ ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို လာမည့် ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ မေးမြန်းချက်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071