စာတတ်မြောက်အောင်သင်ကြားရန်လိုအပ်မှုနှင့်ပတ် သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာ တတ်မြောက်ရေးနေ့အခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” စာတတ်မြောက်ခြင်းဆိုတာ လူသားတိုင်းရဲ့မွေးရာပါအခြေခံရပိုင်ခွင့်တစ်ခုဖြစ်သလို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အဓိကမောင်းနှင်အားလည်းဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် လူသားတစ်ယောက်အနေဖြင့် စာတတ်မြောက်မှသာ လေ့လာသင်ယူတတ်မြောက်ထားသည့် အတတ် ပညာများနှင့် ဘဝကိုရှင်သန်ဖြတ်သန်းနိုင်မည်ဖြစ်ပြီး အသိပညာ၊ ဗဟုသုတများ ဆက်လက်ဆည်းပူးကာ မှန်ကန်သည့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် လူ့အဖွဲ့အစည်းတွင် အပြည့်အဝပါဝင်နိုင်မည်ဟု ပြောသည်။
ထို့အတူ နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပ ညာရေးကိုအားပေးစို့”ဆောင်ပုဒ်နှင့်အညီ ပညာရေးက ဏ္ဍကို အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကာ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်း၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းပြီး လူတိုင်းစာ တတ်မြောက်စေရန်အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ကြောင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဆက်လက်၍ လည်း အရှိန်အဟုန်ဖြင့်ဆောင်ရွက်ကြရမည်ဟုလည်း နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့သည်။
