Home News Local News စမတ်ကတ် ပျေ-ာက်ဆုံး/ပျ-က်စီးပါက လဝကရုံးများတွင် Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

စမတ်ကတ် ပျေ-ာက်ဆုံး/ပျ-က်စီးပါက လဝကရုံးများတွင် Biometric ဖြင့် ပြန်လည်ထုတ်ယူနိုင်

0
108

စမတ်ကတ် (UID) များ ပျေ-ာက်ဆုံးခြင်း သို့မဟုတ် ပျ-က်စီးမှုများ ဖြစ်ပေါ်ပါက နီးစပ်ရာ လူဝင်မှုကြီးကြပ်ရေးမြို့နယ်ဦးစီးမှူးရုံးများတွင် ကိုယ်တိုင်သွားရောက်၍ Biometric စနစ်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ စမတ်ကတ်ပြန်လည်ထုတ်ပေးရာတွင် ကာယကံရှင်၏ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း သေချာစေရန်အတွက် မြို့နယ်ရုံးများရှိ Biometric Enrollment and Verification စနစ်ကို အသုံးပြုမည်ဖြစ်သည်။ ထိုစနစ်တွင် မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ် စသည့် ဇီဝအချက်အလက်များကို e-ID စနစ်အတွင်းရှိ မူလဒေတာများနှင့် တို-က်ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

ဝန်ကြီးဌာနကလည်း ပွဲစားများနှင့် ကြားခံလူများမှတစ်ဆင့် ဆောင်ရွက်ခြင်းသည် အချိန်ကုန်ငွေကုန်ဖြစ်စေခြင်းသာမက UID အတုအပနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သည့်အတွက် ကာယကံရှင်ကိုယ်တိုင်သာ လာရောက်ဆောင်ရွက်ရန် အထူးအရေးကြီးကြောင်း သတိပေးထားသည်။

e-ID စနစ်မှ အတည်ပြုပြီးနောက် UID စာရွက်အသစ်ကိုလည်း ကြားခံမပါဘဲ ကာယကံရှင်၏ လက်ဝယ်သို့ တို-က်ရို-က်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here