Tuesday, April 21, 2026

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ...

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ...

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့်...

မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှု ယနေ့...

ယနေ့ ဧပြီ ၂၁ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မော်လိုက်မြို့၏ အရှေ့တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၀၆)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)...
HomeCelebrities' Newsစတားလုံး တို့စုံတွဲ လမ်းခွဲ​...

စတားလုံး တို့စုံတွဲ လမ်းခွဲ​ ဖြစ်မည်လား

စတားလုံး တို့စုံတွဲ လမ်းခွဲ​ ဖြစ်မည်လား

 

ရမ်ဘို အဖြစ်ကမ္ဘာ​ကျော်ခဲ့သည် ဆီလ်ဗက်စ်စတာ စတားလုံး နှင့် သူ၏တတိယအိမ်​ထောင်ဖက် ဖယ်လ်ဗင်တို့သည် ​ငွေရတုမင်္ဂလာနှစ်ပတ်လည်အပြီးတွင် ကွာရှင်းမည့်အသံထွက်လာကြရာ ပရိသတ်များ အံ့သြစိတ်ဝင်စား​နေကြသည်။

ဂျနီဖာ ဖယ်လ်ဗင်သည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ကောင်တီရှိ တရားရုံးတစ်ခုတွင် သူမ၏ ၂၅ နှစ် သက်တမ်း အိမ်​ထောင်ကို ကွာရှင်းပြတ်စဲရန် လျှောက်ထားခဲ့သည်။ 

ချစ်သူများအဖြစ်ကိုးနှစ်ကြာ တွဲပြီးမှ ၁၉၉၇ ခုနှစ်တွင် လက်ထပ်ခဲ့​သော ဇနီးမောင်နှံတွင် သမီး​ချော သုံးဦးဖြစ်သည့် စကားလက်(၂၀)၊စစ်စတင်း(၂၄)နှင့် ဆိုဖီယာ(၂၅)နှစ် တို့ထွန်းကားထားသည်။ 

“ကိုယ့်မိသားစုကိုချစ်တယ်။ ကျွန်​တော်တို့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာ​တွေကို ကိုယ်ဘာသာပဲ​အေး​အေး​ဆေး​ဆေး ဖြေရှင်းနေပါတယ်” ဟု ဖယ်လ်ဗင်ဖက်မှကွာရှင်းပြတ်စဲကြောင်း သတင်းအပြီး People မဂ္ဂဇင်းသို့ စတားလုံး က ပြောကြားခဲ့သည်။

ဖယ်လ်ဗင် သည် အိမ်ထောင်သက် နှစ်အစိတ် ကြာပြီးနောက် စတားလုံး နှင့်ကွာရှင်းဖို့ မည်မျှဝမ်းနည်းကြောင်း People မဂ္ဂဇင်းအား​အောက်ပါအတိုင်း ပြောပြခဲ့သည်။ “အိမ်ထောင်သက် ၂၅ နှစ်အကြာမှာခင်ပွန်းနဲ့ ကွာရှင်းဖို့ လျှောက်ထားကြောင်းကြေငြာလိုက်ရတာ စိတ်မကောင်းပါဘူး။ငါတို့မျှဝေခဲ့တဲ့နှစ် ၃၀ကျော်ဆက်ဆံရေးကို ငါအမြဲတမ်းမြတ်နိုး​နေမှာပါ။ ငါတို့နှစ်ယောက်စလုံးက ငါတို့ရဲ့သမီးချောလေးတွေကို​စောင့်​ရှောက်ရင်း ခင်မင်ရင်းနှီးစွာ ရှေ့ဆက်လှမ်းမယ်။ မိသားစုရဲ့ ကိုယ်​ရေးကိုယ်တာ လွတ်လပ်ခွင့်အတွက် နားလည်​ပေးဖို့ ပရိသတ်ကိုတောင်းဆိုပါတယ်” ဟုပြောထားသည်။

၂၀၂၂ ခုနှစ် မေလတွင် ၎င်းတို့၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပပြီးနောက် သုံးလအကြာတွင် ယခုကဲ့သို့ ကွာရှင်းမည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော့်ရဲ့ အံ့သြစရာကောင်းတဲ့ ဇနီးအတွက် ၂၅ နှစ်မြောက်နှစ်ပတ်လည်မှာ ပျော်ရွှင်ပါစေ” လို့ စတားလုံး က သူ့ Instagram မှာဓာတ်ပုံတွေနဲ့တင်ခဲ့ဖူးသည်။ “ကိုယ်ကျိုးမဖက်ဘဲ စိတ်ရှည်သည်းခံတဲ့ အမျိုးသမီးကိုဘဝအတွက် ဖော်ပြဖို့ စကားလုံးတွေ လုံလုံလောက်လောက် မရှိသလိုကိုယ်တို့ နောက်ထပ် ၂၅ နှစ်ဆင်နွဲပါရစေလို့ ဆုတောင်းပါတယ် ချစ်သူ!” လို့ပါတင်ထားခဲ့​သေးသည်။

ဖယ်လ်ဗင် က သူမရဲ့ကိုယ်ပိုင်ပို့စ်မှာ “ကျမတို့အတွက် ပျော်ရွှင်စရာ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ဖြစ်ပါစေ။   ❤️❤️❤️ ချစ်စရာကောင်းတဲ့ မိသားစုကို အမြဲရယ်မော​ရ​စေပြီး ချစ်ပေးလို့ ကျေးဇူးပါနော်။ ကျမတို့ရဲ့ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာအိမ်ထောင်ရေးနဲ့လက်ကျန် ဘဝတွေကို အတူဖြတ်သန်းဖို့ မစောင့်နိုင်တော့ဘူး”ဟုတင်ထားသည့် ဖယ်လ်ဗင်၏ပို့စ်က​တော့ ဖျက်လိုက်ပြီဖြစ်သည်။

Source: stylecaster.com

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုဒုံမြို့နယ်ရှိ အထပ်သားစက်ရုံတွင် မိနစ် ၂၀ ကျော်ကြာမီးလေ-ာင်မှုဖြစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံ၌ ယနေ့ ဧပြီ ၂၁ ရက်နံနက် ၉ နာရီ ၃၄ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားရာ မုဒုံမြို့နယ်မီးသ-တ်စခန်းနှင့် မော်လမြိုင်မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့တွင် ဧပြီ ၁၉ ရက်က မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်းက မြန် မာလူမျိုးတို့၏ သနပ်ခါးလိမ်းခြယ်ခြင်းယဉ်ကျေးမှုအစဉ်အလာကို မိတ်ဆက်ပြောကြားခဲ့သည်။ ထို့နောက် ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျင်းယို့ပေါင်၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင် စစ်ဝန်ချုပ်များနှင့် တက်ရောက်လာကြသူများက မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်မှုကိုကြည့်ရှုလေ့လာပြီး လက်တွေ့ပါဝင်လိမ်းခြယ်ခဲ့ကြသည်။ အဆိုပါ မြန်မာ့သနပ်ခါးယဉ်ကျေးမှုမိတ်ဆက်ပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရိုးရာမဟာသင်္ကြန်ကျင်းပရခြင်း၏ အဓိပ္ပာယ်၊ သမိုင်းကြောင်းတို့ကိုရှင်း လင်းပြောကြားခဲ့ပြီး ယူနန်ပြည်နယ်ရှိ တက္ကသိုလ်များမှ မြန်မာဘာသာဌာနတွင် ပညာသင်ကြားလျက်ရှိသည့် တရုတ်နိုင်ငံသားကျောင်းသား၊ ကျောင်းသူများ၊ မြန်မာ နိုင်ငံသား ကျောင်းသား၊...

လူတူစက်ရုပ်ကမာရသွန်ပြေးပွဲတွင်လူသားတို့ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့

တနင်္ဂနွေနေ့က မြို့တော်ပေကျင်းတွင် ကျင်းပခဲ့သော လူပုံတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သောစက်ရုပ်သည် ပြိုင်ပွဲကို ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ကာ လူသားတို့တင်ထားသော စံချိန်ကို ချိုးဖျ-က်နိုင်ခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံက စက်ရုပ်နည်းပညာတွင် အလျင်အမြန်တိုးတက်နေမှုကို ပြသရာရောက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလက တရုတ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး စက်ရုပ် မာရသွန်ဝက်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ပြိုင်ပွဲဖြစ်သည်။ ပထမအကြိမ်ပြိုင်ပွဲတွင် စံချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရခဲ့သောစက်ရုပ်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071