ဩဂုတ် ၂၇
ရုရှားအာကာသအေဂျင်စီသည် အီလွန်မက်စ် ၏ စတားလင့် ဆက်သွယ်ရေးကွန်ရက်ကို ပြိုင်ဆိုင်ရန်အတွက် ၎င်း၏ပထမအသုတ် ဂြိုလ်တုအင်တာနက်စက်များကို ယခုနှစ်နှောင်းပိုင်းတွင် လွှတ်တင်ရန် စီစဉ်နေကြောင်း ရိုစ့်ကော့်စမတ်အကြီးအကဲ ဒီမီသရီ ဘာဂါနော့ဖ် က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
“ပထမအကြိမ်လွှတ်တင်ဖို့ စီစဉ်ထားပါတယ်” ဟု ဘာဂါနော့ဖ် မက အစိုးရပိုင် တပ်စ်သတင်းဌာနသို့ ပြောကြားခဲ့ပြီး အဆိုပါမစ်ရှင်တွင် ဂြိုဟ်တု ၁၆ လုံး သယ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “စတားလင့် ကို အသုံးပြုတဲ့ပုံစံအတိုင်းပါပဲ”ဟု ဆိုထားသည်။
ရုရှားလေကြောင်းအာကာသကုမ္ပဏီဗျူရို ၁၄၄၀ မက တီထွင်ထုတ်လုပ်ထားသော ရာ့စ်ဗက် ဂြိုဟ်တုများသည် ဘရော့ဘန်း အင်တာနက် ဝန်ဆောင်မှုပေးရန်အတွက် ဒီဇိုင်းထုတ်ထားသည်။ ဂြိုလ်တု ၂၅၀ ကျော်ပါဝင်သည့် စီးပွားဖြစ်ဝန်ဆောင်မှုများဖြင့် ၂၀၃၅ ခုနှစ်တွင် အလုံး ၉၀၀ ကျော်ကို လွှတ်တင်နိုင်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် စတင်ရန် စီစဉ်ထားသည်။
ဗုဒ္ဓဟူးနေ့တွင် ဘာဂါနော့်ဖ် က ရိုစ့်ကော့်စမတ် သည် ထိုဂြိုလ်တုများကို ယခုနှစ် ဒီဇင်ဘာလတွင် လွှင့်တင်ဖြန့်ကျက်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရာ့စ်ဗက် သည် ရူဘယ် ၄.၄ ထရီလျံ(ဒေါ်လာ ၅၇ ဘီလျံ) တန်ဖိုးရှိသော ရုရှားနိုင်ငံ အာကာသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့် သီတင်းပတ်က ထောက်ခံအားပေးခဲ့သည်။
စတားလင့်ဆက်သွယ်ရေးပစ္စည်းများသည် ရုရှား၏ ၂၀၂၂ ခုနှစ် ယူကရိန်းနှင့် ဖြစ်သော ပဋိပက္ခ၏ စစ်မြေပြင်ဆက်သွယ်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ ရုရှားတပ်များသည် ယူကရိန်းတပ်များက တတိယနိုင်ငံမှ တရားမဝင်ရရှိသော စတားလင့်စက်များကို အသုံးပြုနေသည်ဟု ကီယက်ဗ်ကို စွပ်စွဲထားသည်။
ပူတင်သည် ၂၀၁၈ ခုနှစ်တွင် စတားလင့် ပြိုင်ဘက် ဆာဖီရာ ကိုပထမဆုံးကြေငြာခဲ့သော်လည်း ရိုစ့်ကော့်စမတ် အပေါ်ပိတ်ဆို့အရေးယူမှုများကြောင့်စီမံကိန်းကိုဖျ-က်သိမ်းခဲ့ရသည်။
ရိုစ့်ကော့်စမတ် သည် ၂၀၂၃ ဇွန်လတွင် ရာ့စ်ဗက်- ၁ စီမံကိန်းအောက်တွင် ဂြိုဟ်တု သုံးလုံးကို လွှင့်တင်ခဲ့သည်။ ယင်းအချိန်က ဦးဆောင်သူမှာ ဒါရိုက်တာဟောင်း ယူရီ ဘိုရီဆော့ဖ် ဖြစ်ပြီး၊ ပျ-က်ကွ-က်မှုများစွာနှင့် အစီအစဉ်များရပ်နားခြင်းတို့ကြောင့် ၂၀၂၄ ဖေဖော်ဝါရီတွင် တာဝန်မှ ဖြုတ်ချခံရခဲ့သည်။
Ref: သည်မော်စကိုတိုင်းမ်စ်
