Friday, May 8, 2026

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်မားလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလျက်ရှိပြီး ချောင်းဦးနှင့် ဒီပဲယင်း မြို့နယ်များတွင် အဆိုပါရောဂါကြောင့် ‌ေ-သဆုံးမှုရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်ထံမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘို၊...

နိုင်ငံ ၈ နိုင်ငံ ၏...

"𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐨𝐧𝐬" အစီအစဉ် ဖြင့်  ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူကေ နှင့်  အမေရိကန်သံရုံးများ၏...

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် အတည်ပြုရန် EU...

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပသမဂ္ဂ(EU) အနေဖြင့် အမေရိကန်အပေါ် ကောက်ခံထားသော အခွန်နှုန်းထားများကို သုညအထိ လျှော့ချပေးရန် ပျက်ကွက်ပါက ဇူလိုင်လ ၄ ရက်နေ့တွင်...

အုပ်စုအဆင့်နှင့်ပင် ကျေနပ်ခဲ့ရပြီဖြစ်တဲ့ မြန်မာ ယူ-၁၇...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းဟာ ဒီကနေ့ မေ (၇)ရက် ညနေ (၆) နာရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်အတွက်...
HomeMyanmar Theatrical Traditionစည်းလုံး ညီညွှတ်မှု ပြယုဂ်တွေနဲ့...

စည်းလုံး ညီညွှတ်မှု ပြယုဂ်တွေနဲ့ သဘင် အစည်းအရုံး(ဗဟို) ရဲ့ ၂ဝ၁၆ ခုနှစ် တစ်နှစ်တာ

phoe-chitမြန်မာနိုင်ငံ သဘင်ပညာရှင် များ အစည်းအရုံး(ဗဟို) အနေနဲ့ ၂ဝ၁၆ ခုနှစ် အတွင်းသဘင်နဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့မှုတွေ များစွာ ရှိခဲ့ပါ တယ်။ ဥက္ကဋ္ဌ ဦးဖိုးချစ်၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးနေဝင်း(ဆိုင်း)၊ ဒုတိယ ဥက္ကဋ္ဌ (၂) ပဲခူး စိန်မြအောင်(ဆိုင်း)၊ အတွင်းရေးမှူး ဦးမိုးဝင်း၊ အတွင်း ရေးမှူး(၁) မြန်မာပြည် ကျောက်စိမ်း၊ အတွင်းရေးမှူး(၂)   ဖိုးသင်္ကြန်၊ စည်းရုံးရေးမှူး နန်းခင် မွှေး၊ ပြန်ကြားရေးမှူး ပတ္တမြား ကေ ခိုင် ၊ စာရင်းစစ် မအေးမော်၊ ဘဏ္ဍာ ရေးမှူး ကိုဇော်ဝင်းတို့ရဲ့ အမှု ဆောင် အသစ် အနေနဲ့ စတင် တာဝန် ထမ်းဆောင် စဉ် ရက်ပိုင်း က စလို့ သဘင် လောက အတွက် အကျိုးဖြစ်ထွန်းစေ မှုတွေကို အားသွန်ခွန်စိုက် လုပ် ဆောင်ခဲ့ပါ တယ်။ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလ ၁၇ရက် ကနေ ဒီဇင်ဘာလ ၂၄ရက် နေ့အထိရန်ကုန်တိုင်းဒေသ ကြီး အတွင်းရှိ မြို့နယ် အသီးသီး၏ သဘင်ပညာရှင် များ အစည်းအရုံး အလုပ် အမှုဆောင် ကော်မတီ အသစ် များကို ပြန်လည် ဖွဲ့စည်းပေးခဲ့ ပါတယ်။ အဆိုပါ အလုပ် အမှုဆောင် ကော်မတီ အသစ် များ ဖွဲ့စည်းရာမှာ သဘင် အစည်းအရုံး (ဗဟို) မှ နာယက များနဲ့ အလုပ် အမှုဆောင် အ ဖွဲ့ဝင်များက ကိုယ်တိုင် ကြီးကြပ်ကာ ဖွဲစည်းပေး ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘင် အစည်းအရုံး(ဗဟို)မှ တိုင်း နဲ့ပြည်နယ် အသီးသီးရဲ့ သဘင် အစည်းအရုံး များကို ဖေဖေါ် ဝါရီလမှ စတင်ကာ ဖွဲ့စည်း ပေးခဲ့ပြန် ပါတယ်။ အဲဒီနောက် မှာတော့ သဘင် အစည်းအရုံး (ဗဟို) အနေနဲ့ အထောက်အကူပြု ကော်မတီ အဖြစ် သဘင် လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီကို လည်း ဖွဲ့စည်းပေး ခဲ့ပြန်ပါတယ်။ ဒီကော်မတီ မှာတော့ ဥက္ကဋ္ဌ အဖြစ် တင်မောင်ဆန်းမင်း ဝင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဟန်ဇာမိုး ဝင်း ၊အတွင်းရေးမှူး အဖြစ် တင်ဇာမိုး ဝင်းတို့က ဆောင်ရွက် ခဲ့ကြပြီး သဘင်လောကသားတွေ နဲ့အတူ ပြည်သူတွေ ရဲ့ အခက်အခဲတွေ ကို ကူညီ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း လည်း ဖြစ်ပါတယ်။ သဘင် အစည်းအရုံး (ဗဟို) အနေနဲ့ ရိုးရာကို ထိန်းသိမ်းရင်း ပြန့်ပွား အောင်လုပ် ဆောင်နေတဲ့ အစည်း အရုံး တစ်ခု ဖြစ် တာနဲ့ အညီ ရိုးရာ ယဉ်ကျေးမှုကို သွေဖည်ကာ တင်ဆက် မှုမျိုးပဲဖြစ်ဖြစ် ကြည့်ရှုလို့ အမြင် မတင့်တယ်တဲ့ ဖျော်ဖြေ တင်ဆက် မှုမျိုးပဲဖြစ်ဖြစ် ကပြ တင်ဆက်ကြတဲ့ ဇာတ်အဖွဲ့များ၊ အငြိမ့်အဖွဲ့များ၊ ဆိုင်း အဖွဲ့များကို လည်းကြေညာချက် တွေ ထုတ်ပြန် ကာ သတိပေးမှုတွေ လည်း ရှိခဲ့ပါ တယ်။

“အစ်မတို့က အရေးယူမှုတိုင်း မှာ၃ဆင့် ရှိပါတယ်။ မေတ္တာရပ်ခံ တယ်၊ သတိပေးတယ်။ အရေး ယူတယ်။ သဘင် အစည်းအရုံး အနေနဲ့ အစိုးရ အာဏာပိုင်တွေလို ဥပဒေ နဲ့ အရေးယူလို့ရတာမျိုး မဟုတ်ဘူး။  အနုပညာ ဖျော်ဖြေ တင်ဆက်မှု ဆိုတာကလည်း ကိုယ့် ကိုယ် ပိုင်အသိတရားနဲ့ ထိန်းသိမ်းရ တာမျိုးဖြစ်တယ်” လို့ သရုပ်ပျက်တင် ဆက်မှုတွေနဲ့ ပတ်သက်လို့ သဘင် အစည်းအရုံး (ဗဟို)ရဲ့ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောခဲ့ ပါတယ်။

သဘင် အစည်းအရုံး (ဗဟို)က သဘင်လောကသားတွေ အားလုံးကို တစ်စု တစ်စည်းတည်း ပါဝင်စေလိုတဲ့ ရည်ရွယ် ချက်တွေ နဲ့ ကော်မတီတွေကို ထပ်မံ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဇာတ်ပွဲကန်ထရိုက်များ အားလုံးလည်း ပါဝင် လာစေနိုင်ဖို့အတွက် ရန်ကုန် တိုင်း ဇာတ်ပွဲစီစဉ်သူများ အလွှာကို ဖွဲ့ စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့အနေ နဲ့ ကလည်း သဘင်လောကသားတွေ ရဲ့ သာရေး နာရေးနဲ့ ဆယ့်နှစ်လ ရာသီ ဈေးသည်တွေရဲ့ သာရေး၊ နာရေးအ တွက် ကိုလည်း ကူညီထောက်ပံ့ ပေးနေပါတယ်။ ထူးခြားမှု အနေနဲ့ ကတော့ ကျိုက်ခေါက်စေတီတော် မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ဇာတ် ရုံမြေနေရာ ကို နှစ်စဉ်လေလံ အပြိုင်ဆွဲ ရလေ့ရှိရာ ကနေ ၂ဝ၁၆ ခုနှစ် မှာတော့ သဘင် အစည်းအရုံး (ဗဟို)အမှုဆောင်သစ် ရဲ့ ဦးဆောင်မှုဖြင့် ဇာတ်ရုံ လေလံကြေး မဖြစ်မြောက် ခဲ့ပဲ ဆွေးနွေး ညှိနှိုင်း မှုနဲ့သာ ဇာတ်ရုံမြေ နေရာဈေးကို သတ်မှတ်ခဲ့ကြပါတယ်။

လေလံကြေး နဲ့ပတ်သက်လို့ သဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် က အခုလို ဖြေကြားထားခဲ့တာ က.. “လေလံ ဆိုရင် တအားများပါ တယ်။ ကျွန်တော်တို့တွေက ပိုက်ဆံ ရသင့်သလောက် မရဘဲနဲ့ ကုန်ကျ စရိတ်က အဲဒီထဲကို ပါသွားတယ်။ ကျွန်တော် တို့သဘင်က ညီညွတ် နေပါပြီ။ ကသင့်မှ ကပါတော့မယ်။ တကယ်လို့ကပြမယ့် ဇာတ်ကများ နေတယ်ဆိုရင်လည်း ပွင့်ပွင့်လင်း လင်း မဲနှိုက်ကြမယ်။ လေလံမဆွဲ တော့ဘူး။ ကြမ်းခင်းဈေးကို ညှိမယ်။ သင့်တော်တဲ့ လေလံကြမ်းခင်းဈေး ဖြစ်လာရင် မဲနှိုက်ပါမယ်။ ကျွန် တော်မဲနှိုက်လို့ မကျရင် မကတော့ ဘူး။ အဲဒီလောက်အထိ ကျွန်တော် တို့ဘက်က ပြင်ဆင် ထားပြီးပြီ။ မဲနှိုက်လို့ ကျတဲ့ဘက်က ဒီတစ်နှစ် ကပြပြီးရင် နောက်နှစ်တော့ နား လည်မှု နဲ့နားပေး။ တချို့ မကရ သေးတဲ့ ဇာတ်တွေပြန် မဲနှိုက်ပေါ့။ အဲဒီသဘောမျိုး နဲ့သွားမယ်။ ပြင်းထန် သော၊ မြင့်သော၊ မတန်မဆ လေလံ ကြေးတွေ မဖြစ်အောင်ဘဲ ကျွန်တော် တို့က ကာကွယ် တားဆီး သွားမှာ ဖြစ်ပြီးတော့ သင့်တော်တဲ့ ပုံစံမျိုး ကတော့ဖြစ်နေမှာပါပဲ” လို့ ပြောပါတယ်။

ဒါကြောင့်လည်း ဘုရားပွဲ တော်ကြီးတွေရဲ့ လေလံကြေးဟာ မဖြစ်မြောက်တော့ပဲ ဇာတ်ကန် ထရိုက်တွေ အတွက်လည်း အဆင် ပြေစေ ခဲ့ပါတယ်။ အဲဒါအပြင်သဘင် အစည်းအရုံး (ဗဟို) အမှုဆောင် သစ်ဟာခေတ် ရဲ့ တိုးတက်မှုတွေ ကိုလည်း မျက်ခြည်ပြတ် မခံခဲ့ဘဲ တိုင်း နဲ့ ပြည်နယ် များနဲ့ မြို့နယ်များမှ အမှုဆောင်များကို ရုံးလုပ်ငန်း ကိစ္စ ရပ်များ၊ စီမံခန့်ခွဲမှု ကိစ္စရပ်များ၊ လူ့အသက် ကယ်ဆယ်ရေးနဲ့ ပတ်သက် လို့ သင်တန်းတွေလည်း ဖွင့်လှစ် ပေးခဲ့ပါတယ်။သဘင် အ စည်းအရုံး(ဗဟို) အနေနဲ့ ရုံးလုပ်ငန်း နဲ့ပတ်သက်လို့ တံစိုး လက်ဆောင် ပေးခြင်းများကို လုံးဝလက်မခံဘဲ ယူပါကလည်း တရားစွဲ သွားမှာဖြစ်ပြီး ဒီစည်းကမ်းချက်က တစ်နိုင်ငံလုံးရှိ သဘင် အစည်းအရုံးတွေ လည်း အကျုံးဝင်သလို သူ့ကိုလည်း စစ်လို့ ရပါကြောင်း သဘင် အစည်း အရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောကြား ခဲ့ပါသေးတယ်။ အဲဒါအပြင် အမှု ဆောင် အသစ် အနေနဲ့ ကိုယ်ပိုင် ငွေကြေးတွေ ကိုပဲ ရုံးအတွက်စိုက် ထုတ် သုံး စွဲခဲ့ကြပါတယ်။ သဘင် အ စည်းအရုံး (ဗဟို) အနေနဲ့ ၂ဝ၁၆ ခုနှစ် သဘင် ရာသီမှ စတင်ပြီး ဇာတ်တည်ထောင် သူများနဲ့ သဘင် အနုပညာရှင် လုပ်သားများ လိုက်နာရန် စည်းမျဉ်း စည်းကမ်းများ၊ နှစ်ဦးနှစ်ဖက် အခွင့် အရေးအတွက် ကာကွယ်စောင့် ရှောက်မှုများ၊ စည်းကမ်းပျက်သူ များအတွက် အရေး ယူမယ့် မူဝါဒ များနဲ့ စပ်လျဉ်းပြီး ဒေသတွင်းထိ ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး မန္တလေး တိုင်းဒေသကြီးရှိ သဘင်ပညာရှင် များ၊ တည်ထောင်သူများ နဲ့လည်း ကောင်း၊ မေလ ၃ဝ ရက်နေ့ တွင် မကွေးတိုင်း ဒေသကြီးရှိ သဘင်  ပညာရှင်များ၊ တည်ထောင် သူများ နဲ့ လည်းကောင်း ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ကာ လျာထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ သတ်မှတ် ချက်တွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

သဘင်လောကသားတွေ အဆင်ပြေစေနိုင်ရေး အတွက်လည်း သဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က သူ့ရဲ့ ကိုယ်ပိုင်ငွေ များဖြင့် ငွေထုတ်ချေး ခဲ့ပါတယ်။ သဘင် လောကသားတွေ ရဲ့ အဆင်ပြေစေ ရေး အတွက် ရှေးရှုလုပ်ဆောင် ခဲ့ကြရင်း မြန်မာ့ ဇာတ် သဘင် အတွက် အထိမ်းအမှတ် ဖြစ်စေမယ့် သဘင် သီချင်းကို ပေါ်ထွက်လာစေရေး အတွက် ရည်ရွယ်ကာ သဘင် သီချင်းပြိုင်ပွဲ ကို လုပ်ဆောင် ဖို့ စီစဉ်နေလျက် ရှိပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံလုံး မှာရှိတဲ့ သဘင် သက်ကြီးတွေကို ပူဇော် ကန်တော့ နိုင်ဖို့ အတွက် လည်း စီစဉ်နေ ကြပါ တယ်။ ၂ဝ၁၇ ခုနှစ် တစ်နှစ် တာပတ် လုံးမှာ သဘင် အစည်းအရုံး (ဗဟို)အနေနဲ့ သဘင်လောက သားတွေ အားလုံး ကို စည်းလုံးညီ ညွတ်စေခဲ့ပြီး သဘင်လောကသား တွေရဲ့ အခက် အခဲတွေကို လည်း ဖြေရှင်းပေးနိုင်ခဲ့ တဲ့အတွက် အမှုဆောင်သစ်ဟာ သဘင်လောက အတွက် အားတစ်ခု ဖြစ်စေခဲ့တယ် လို့သုံးသပ်ချင်ပါ တော့တယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071