Wednesday, May 20, 2026

တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံ ဧက...

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက...

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင်...

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအား...

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအားရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ​ကြောင်း အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ယာဥ်မောင်းကို ရိုသေစွာအလေးပြု၍ မင်္ဂလာပါ ဟုပြောဆိုဆက်ဆံ၍ ယာဥ်ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ " အရင်တုန်းကတည်းက...
HomeNewsLocal Newsစစ်ဆင်ရေး(၁၅)ရက်အတွင်း KNU/KNLA နှင့်...

စစ်ဆင်ရေး(၁၅)ရက်အတွင်း KNU/KNLA နှင့် PDF အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် မောတောင်မြို့ကို တပ်မတော် ပြန်လည်သိမ်းပိုက်

KNU/KNLA နှင့် PDF အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတည်ရှိရာ မောတောင်မြို့ကို တပ်မတော်က မေ ၁၉ ရက်တွင် အလုံးစုံပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများသည် မောတောင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရေးနှင့် တနင်္သာရီ-ရေဖြူ-သိန်းခွန်-သဲဖြူ-မောတောင် လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မေ ၅ ရက်မှစတင်ကာ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မေ ၉ ရက်တွင် ပွိုင့်(၂၇၁) တောင်ကုန်းမှ စတင်၍ နေရာအချို့ကို အဆင့်ဆင့်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မေ ၁၉ ရက်တွင် မောတောင်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆုတ်ခွာသွားသည့် အဖွဲ့များက အမှတ်(၉)ကျေးရွာတံတားနှင့် အမှတ်(၈)တံတားတို့အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်းလည်း သိရသည်။

စစ်ဆင်ရေးကာလ (၁၅)ရက်အတွင်း တိုက်ပွဲကြီးနှင့် တိုက်ပွဲငယ် စုစုပေါင်း (၂၀၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း (၂၄)လောင်း၊ လက်နက်မျိုးစုံ (၂၅)လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများက ယာယီနေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံများ မောတောင်မြို့သို့ အန္တရာယ်ကင်းရှင်းစွာ ပြန်လည်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြေမြှုပ်မိုင်းများကို ဦးစားပေးရှင်းလင်းဖော်ထုတ်လျက်ရှိပြီး ပျက်စီးသွားသည့် စာသင်ကျောင်းများ၊ ဆေးရုံနှင့် ဆေးခန်းများ၊ ရုံးနှင့်ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများနှင့် လူနေအိမ်များကို ဒေသခံများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်ကုန်းမြို့နယ်ရှိ နွေစပါးနှင့် နွေသီးနှံ ဧက ၉,၇၀၀ ကျော်အတွက် ဆင်သေရေလွှဲဆည်မှ စိုက်ပျိုးရေ ဆက်လက်ပေးဝေနေ

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သရက်ကွင်းကျေးရွာအနီးရှိ ဆင်သေရေလွှဲဆည် ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးပြီးဖြစ်သည့် နွေစပါး (၈,၄၈၈) ဧကနှင့် နွေအခြားသီးနှံ (၁,၂၂၈) ဧက၊ စုစုပေါင်း ဧက ၉,၇၀၀ ကျော်အတွက် အောင်ရေလုံလောက်စွာ ရရှိစေရန် စိုက်ပျိုးရေများကို ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးရေ ပေးဝေနေမှုအခြေအနေများနှင့် ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်နေမှု လုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မေလ ၁၈ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ဆည်အသစ်တည်ဆောက်ရေး လမ်းညွှန်ချက် ဒုတိယဝန်ကြီးက ဆည်အသစ် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လမ်းညွှန်မှာကြားရာတွင်...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီပြော

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းကို ကျင်းပမည့် လွှတ်တော်၏ ဒုတိယပုံမှန်အစည်းအဝေးတွင် ဥပဒေအဖြစ်ပြဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက မေ ၁၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဥ်အမြဲအားပေးထောက်ခံခဲ့ကာ မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် ပထမဆုံးလာရောက်ကူညီထောက်ပံ့ပေးခဲ့သည်များကို ကျေးဇူးတင်အသိအမှတ်ပြုသည်ဟု ပြော သည်။ ထို့ပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှအ သိုက်အဝန်းတစ်ရပ်တည်ထောင်ရေးလုပ်ငန်းစဥ်များကိုထောက်ခံကာ တရုတ်-မြန်မာနှစ်နိုင်ငံလွှတ်တော်အ ချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ လာမည့် လွှတ်တော်ကာလတွင် ယာယီကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး လို အပ်ပါကလည်း ကော်မရှင်များနှင့် အဖွဲ့များဖွဲ့စည်းသွားမည်ဟု ပြောသည်။ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက်...

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071