တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို မတ်လ (၃၀)ရက်တွင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ (၄) ခုကို စတင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းမည့် ကော်မတီ(၄)ခု၏ အမည်ကို မတ်လ (၃၀)ရက်တွင် အတည်ပြုကြေငြာမည်ဖြစ်ပြီး မတ်လ(၃၁)ရက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တတိယနေ့တွင် ကော်မတီများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှုးနှင့် အဖွဲ့ဝင်အမည်စာရင်းကို အတည်ပြုကြေငြာသွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ( ၂၀)ရက်ကကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကို မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လှိုင်မြင့်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌကို ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
