Monday, August 31, 2026

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း...

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ်...

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို...

ဟိမဝန္တာဒေသ မြေပြိုမှုအပြီး နိုင်ငံ ၂၃...

ပေကျင်း ဟိမဝန္တာဒေသတစ်လျှောက် ဖြစ်ပွားခဲ့သည့် ရေခဲမြစ်ပြိုကျမှုနှင့် မြေပြိုမှုများအပြီး နီပေါ-တရုတ် နယ်စပ်၏ တိဘက်ဘက်ခြမ်းတွင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦး...
HomeNewsLocal Newsစစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် မိုးကြီးမည့် သတိပေးချက် အမှတ်စဉ် (၆၂/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ အားကောင်းနေခြင်းတို့ကြောင့် ဖြစ်သည်။

ယနေ့ နံနက်မှ စက်တင်ဘာ ၄ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အသီးသီးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အဆိုပါ ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ကုန်းမြင့်ဒေသနှင့် မြစ်/ချောင်းများအနီး နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် အသိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ကမ်းနီး/ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုကြရန် နှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ

ခတ္တမန္ဒူ နီပေါနိုင်ငံ ဟိမဝန္တာဒေသတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများအနက် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးသူများကို ချစ်ဝမ်ခရိုင်ရှိ သတ်မှတ်နေရာများတွင် အာဏာပိုင်များက စတင်မြှုပ်နှံလျက်ရှိကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့က ဘေးအန္တရာယ်အပြင်းအထန် ကြုံတွေ့ခဲ့ရသည့် ရာဆူဝါချိုင့်ဝှမ်းဒေသမှ ကီလိုမီတာ ၂၀၀ နီးပါးအကွာ ချစ်ဝမ်ခရိုင်၊ ဒက်ဗ်ဂတ်သစ်တောအတွင်း သေဆုံးသူများကို မြှုပ်နှံနိုင်ရန် မြေကျင်းရာပေါင်းများစွာ တူးဖော်ပြင်ဆင်ထားသည်။ အဆိုပါ သစ်တောလမ်းကြောင်းများသည် ယခင်က နံနက်ခင်းလမ်းလျှောက်သူများအကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရေစီးနှင့်အတူ မျောပါလာပြီး မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြုရန် ခက်ခဲနေသည့်...

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်

ပြုံယမ်း၊ ဩဂုတ် ၃၁ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် နိုင်ငံ၏ အကြီးတန်းစစ်ဘက်ခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကင်ဆောင်ဂီ (Kim Song Gi) ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ ယခင်က စစ်တပ်၏ နိုင်ငံရေးဗျူရိုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကင်ဆောင်ဂီသည် လက်နက်ခဲယမ်းလုပ်ငန်းဌာန၌ အကြီးတန်းရာထူးတစ်ခုသို့ ပြောင်းရွှေ့တာဝန်ပေးခံရသည့် ယခင်ကာကွယ်ရေးဝန်ကြီး နိုကွမ်ချိုလ် (No Kwang Chol) ၏ နေရာတွင် အစားထိုးတာဝန်ယူခြင်းဖြစ်သည်။ ထို့ပြင် အတွေ့အကြုံရင့် စစ်ဘက်မဟာဗျူဟာပညာရှင် ပတ်ဂျုံချွန် (Pak Jong Chon)...

လူနေမှုစရိတ်သက်သာရေးနှင့် ပြည်တွင်းစီးပွားရေးပံ့ပိုးမည့် အစီအမံသစ်များ မလေးရှားဝန်ကြီးချုပ် ကြေညာ

ကွာလာလမ်ပူ၊ ဩဂုတ် ၃၁ မလေးရှားနိုင်ငံတွင် လူနေမှုစရိတ်မြင့်တက်မှုကို သက်သာစေရန် လေ-ာင်စာဆီဝယ်ယူခွဲတမ်း တိုးမြှင့်ပေးခြင်း၊ ကျောင်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေတိုးမြှင့်ခြင်းတို့အပါအဝင် ပြည်တွင်းစီးပွားရေးကို ပံ့ပိုးမည့် အစီအမံသစ်များကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ အဆိုပါအစီအမံများကို စက်တင်ဘာ ၁ ရက်မှ စတင်အကောင်အထည်ဖော်ရန် မျှော်မှန်းထားကြောင်း အန်ဝါက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအကျိုးအမြတ်များကို ပြည်သူများထံ ပြန်လည်ရောက်ရှိစေရမည်ဟု ဆိုသည်။ မလေးရှားစီးပွားရေးသည် ဒေသတွင်းနိုင်ငံအများစုထက် တိုးတက်မှုကောင်းမွန်နေပြီး ယခုနှစ် ဒုတိယသုံးလပတ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071