Friday, July 10, 2026

တောင်သူလယ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဟု...

တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ...

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှောင့်နှေးနေခြင်းမှာ AA...

ရခိုင်ပြည်နယ် လုံခြုံရေးတည်ငြိမ်လာပါက စိစစ်ပြီးသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံမည်ဟုဆို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေခြင်းမှာ AA အကြမ်းဖက်အဖွဲ့၏ တို-က်ခိုက်မှုများကြောင့်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်...

မဟာဗျူဟာမြောက် လမ်းမကြီးများကို တရားမဝင်ကုန်သွယ်မှုအတွက် အသုံးမချနိုင်စေရန်...

နယ်စပ်ဂိတ်များဖွင့်လှစ်၍ တရားဝင်ကုန်သွယ်မှုမြှင့်တင်ခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဟု နိုင်ငံတော်သမ္မတ ပြော အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က...

ပုံနှိပ်၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၆,၁၀၅...

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း...
HomeMoviesစက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး...

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အဆင့်အလိုက် တက္ကသိုလ်၊ ကောလိပ်များ စတင်လျှောက်ထားနိုင်ပြီ

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားကြသည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ရရှိထားသည့် အဆင့်သတ်မှတ်ချက် (Grade) များအလိုက် မိမိတို့ ဝါသနာပါရာ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ကောလိပ်များကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ရွေးချယ်လျှောက်ထားနိုင်ရန်အတွက် ဘာသာရပ်ကဏ္ဍနှင့် ရရှိသည့် အဆင့်အလိုက် တက်ရောက်ခွင့်ရှိမည့် ပညာရေးအဖွဲ့အစည်းများကို အောက်ပါအတိုင်း စနစ်တကျ ခွဲခြားသတ်မှတ်ထားသည် –

၁။ စက်မှုအတတ်ပညာ (Engineering) ကဏ္ဍ

A+ အဆင့်ရရှိသူများ

Naypyitaw State Polytechnic University၊ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် မန္တလေးနည်းပညာတက္ကသိုလ် (MTU) ကဲ့သို့သော နိုင်ငံတော်အဆင့် ထိပ်တန်းနည်းပညာတက္ကသိုလ်ကြီးများသို့ လျှောက်ထားခွင့်ရရှိမည်။

A အဆင့်ရရှိသူများ

မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ် (TU) များသို့ လျှောက်ထားနိုင်သည်။

B အဆင့်ရရှိသူများ

အစိုးရနည်းပညာကောလိပ် (GTC) များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) ကျောင်းများသို့ တက်ရောက်ရန် လျှောက်ထားနိုင်မည်ဖြစ်သည်။

၂။ စိုက်ပျိုးရေးအတတ်ပညာ (Agriculture) ကဏ္ဍ

A အဆင့်ရရှိသူများ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) တို့တွင် ဘွဲ့သင်တန်းများ တက်ရောက်ရန် လျှောက်ထားခွင့်ရရှိမည်။

B အဆင့်ရရှိသူများ

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ (စိုက်ပျိုးရေးဒီပလိုမာ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများတွင် ဖွင့်လှစ်သည့် (စက်မှုလယ်ယာနည်းပညာ ဒီပလိုမာ) သင်တန်းများသို့ လျှောက်ထားနိုင်သည်။

၃။ မွေးမြူရေးအတတ်ပညာ (Livestock) ကဏ္ဍ

A အဆင့်ရရှိသူများ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) တို့သို့ လျှောက်ထားတက်ရောက်နိုင်သည်။

B အဆင့်ရရှိသူများ

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ) သင်တန်းများနှင့် ငါးလုပ်ငန်းသိပ္ပံကျောင်းများတွင် ဖွင့်လှစ်မည့် (ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) သင်တန်းများသို့ လျှောက်ထားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၏ အောင်ချက်အခြေအနေ
ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ၃,၃၆၄ ဦး ရှိခဲ့သည့်အနက် ၁,၆၇၂ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၄၉ ဒသမ ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တရားဝင်စာရင်းဇယားများအရ သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်သူလယ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-6) တွင် တောင်သူလယ်သမားရေးရာကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် တောင်သူလယ်သမားများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ...

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှောင့်နှေးနေခြင်းမှာ AA ၏ တို-က်ခိုက်မှုများကြောင့်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ရခိုင်ပြည်နယ် လုံခြုံရေးတည်ငြိမ်လာပါက စိစစ်ပြီးသူများကို နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံမည်ဟုဆို ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေခြင်းမှာ AA အကြမ်းဖက်အဖွဲ့၏ တို-က်ခိုက်မှုများကြောင့်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ကောင်းမွန်လာသည်နှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သည့် နိုင်ငံရေးဆန္ဒရှိကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပြန်လည်ဝင်ရောက်မည့်သူများကို လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် လူဦးရေစာရင်းများကို စိစစ်ပြီး လစဉ် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်ပေးပို့ဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုထားသည်။ လက်ရှိတွင် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်...

မဟာဗျူဟာမြောက် လမ်းမကြီးများကို တရားမဝင်ကုန်သွယ်မှုအတွက် အသုံးမချနိုင်စေရန် ထိန်းသိမ်းကြပ်မတ်ရန် လိုအပ်

နယ်စပ်ဂိတ်များဖွင့်လှစ်၍ တရားဝင်ကုန်သွယ်မှုမြှင့်တင်ခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဟု နိုင်ငံတော်သမ္မတ ပြော အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နယ်စပ်ဂိတ်များ ဖွင့်လှစ်၍ တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက နယ်စပ်ဂိတ်များဖွင့်လှစ်ကာ တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်ရေးသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါကြောင်း၊ သက်ဆိုင်ရာ စီမံကိန်းလမ်းကြောင်းများ၏ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပြီးသည်နှင့် တည်ဆောက်ရေးလုပ်ငန်းများကို တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071