Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။ မန္တလာမင်း...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...
HomeInterviewsစက်သုံးဆီဈေးနှုန်း၏ သားကောင်များ

စက်သုံးဆီဈေးနှုန်း၏ သားကောင်များ

ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနဲ့ ပြည်တွင်းငွေလဲနှုန်းအခြေအနေတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်လာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပထမဆုံးသားကောင်ဖြစ်သွားရသူတွေကတော့ နေ့စဉ်စက်သုံးဆီထည့်ပြီး ဝင်ငွေရှာနေရတဲ့ အငှားယာဉ်မောင်းတွေပါပဲ။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းအချို့နဲ့ ကားမောင်းနေသူ အချို့ကို သူတို့ရဲ့အခက်အခဲတွေအကြောင်း မေးမြန်းပြီး စုစည်းဖော်ပြလိုက်ရပါတယ် . . .

ကိုဘိုနီ (တက္ကစီယာဉ်မောင်း)

ဆီဈေးက တစ်ရက်လုံးမောင်း ရင် နှစ်သောင်းလောက်ကုန်နေတဲ့ အချိန်မှာ အုံနာခနဲ့ ထမင်းစရိတ်နဲ့ တကယ်တမ်းအိမ်ပြန်ချိန်မှာ လက်ထဲ ငါးထောင်လောက်တောင် မပြည့်တဲ့ ရက်တွေရှိလာတော့ ဒီအတိုင်းဆိုရင် ကားပြန်အပ်ပြီး တခြားဟာပဲ လုပ် စားရမှာပေါ့။ ဆီဈေးက ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်တော်တို့လို အုံ နာနဲ့ ကားသမားတွေ ငတ်ကုန်ဖို့ပဲ ရှိတာပေါ့။ဆီဈေးကျဖို့ဆိုတာ အစိုးရမှာလည်းအခက်အခဲတွေရှိနေမယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ချိန်က ဃြွ ကားတွေဆိုရင်တော့ ဆီကားထက်အဆင်ပြေတာပေါ့လေ။ ကျွန်တော်တို့က ဆီဈေးအကြောင်း ပြပြီး ဈေးပိုတောင်းလို့လည်း မရပါ ဘူး။ မကိုက်ရင် ကားပြန်အပ် တခြား ဟာ လုပ်စား ဒါပဲရှိတာပေါ့။

ကိုစည်သူ (တက္ကစီယာဉ်မောင်း)

ကျွန်တော်ကတော့ ကိုယ်ပိုင် ကားဆိုတော့ အုံနာခမရှိတော့ နည်း နည်း အသက်ရှူချောင်တယ် ပြောရ မှာပေါ့။ ဒါပေမဲ့ မြောက်ဥက္ကလာပ နဲ့ ဆူးလေကို လမ်းပိတ်တာနဲ့ ဆီဖိုး က ငါးထောင်လောက်ကုန်နေချိန် ကားခက ရှစ်ထောင်တောင်းရင် ဘယ်သူမှ မစီးကြဘူး။ အဲဒီတော့ ကျွန်တော်တို့ဘက်က တွက်သာကြည့် ပေါ့။ ဆီဈေးက ၈ဝဝ လောက်မှ ပြန် မဖြစ်ရင် တခြားအထွေထွေ စရိတ် ကလည်း ကျိန်းသေတရိပ်ရိပ်တက် လာနေတော့မှာ စက်သုံးဆီက နေရာ တိုင်းမှာ ပါဝင်နေတာကိုး။ အစိုးရ ဘက်ကလည်း အခုလိုအခြေအနေ မှာ တစ်ခုခုတော့ လုပ်ပေးသင့်ပါ တယ်။ အခုဆို ကားသမားတွေလည်း အခြေအနေမကောင်း ကုန်ဈေးနှုန်း က တက်နဲ့ အတော်ကျပ်တည်းနေကြ ချိန်ပေါ့။ သူ့ကိုယ် မကယ်နိုင် ကိုယ့် သူမကယ်နိုင်ဖြစ်နေတဲ့ အနေအထား ကို အမြန်ဆုံးပြောင်းလဲပေးဖို့ အစိုးရ မှာ တာဝန်ရှိတယ် ထင်ပါတယ်။

ဦးခင်ချို (အဝေးပြေးယာဉ်ပိုင်ရှင်)

ဆီဈေးက ကိုယ့်တစ်ယောက် တည်း ကွက်တက်နေတာမဟုတ်တော့ ဘာလုပ်ပေးပါလို့လည်း မပြောချင် တော့ပါဘူး။ ဒါပေမဲ့ အခုက ကား ငှားရင် အကျန်ပဲ လိုက်ဖို့ စီစဉ်တယ်။ ဘာလို့လဲဆို ဆီနဲ့ တွက်တောင်းရတာ အားနာတယ်။ ငှားတဲ့သူကိုလည်း ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ သူတို့ ပြောသလို မနှစ်က တစ်သိန်းနဲ့ ကား ငှားလို့ရတယ်။ အခုတစ်သိန်းခွဲဖြစ် တယ်ဆိုတာမျိုးကျတော့ ကိုယ်ကပြန် ရှင်းပြရတာပေါ့။ ဆီဈေးကို ဒီထက် တော့ ထပ်မတက်ပါစေနဲ့လို့ ဆု တောင်းရမှာပဲ အခုတောင် ကား သမားအချို့ အလုပ်တွေပြောင်းပြီး ကားတွေနားထားကြတာ။ ဒီအခြေ အနေထက် ဆိုးလာရင် ခက်ရချည် ရဲ့။ စက်သုံးဆီကို မရှိမဖြစ် လိုအပ် နေတဲ့ ဖွံ့ဖြိုးဖို့ အရှိန်ယူနေရတဲ့ နိုင်ငံ မှာ ဒီလိုဆီဈေးနှုန်း ပြဿနာက ရှေ့ တက်ချင်တဲ့ တိုင်းပြည်ကို ခဲဆွဲထား သလို ဖြစ်နေတယ် မြင်ပါတယ်။

မောင်ဂျစ်တူး (ကိုယ်ပိုင်ယာဉ်မောင်း)

အခုစက်သုံးဆီ ဈေးတွေတက် လာတော့ ကျွန်တော်က အရင်က Engine Power အကြီး Mark2,Crown တွေပဲ ကြိုက်လို့စီးဖြစ်တယ်။
ဆီဈေးကလည်း တရိပ်ရိပ်တက်လာ တော့ ကိုယ်ကြိုက်တာ ဦးစားပေး မစီး နိုင်တော့ဘူး ငြိမ့်ညောင်းမှုလည်းကြိုက် တော့ Belta လေးနဲ့ပဲ ဖြေသိမ့်ရတယ်။
ဒါလေးနဲ့တောင် ကိုယ်က ကား တအားသုံးရတော့ တစ်ပတ်ကို အခု ဆီဈေးနဲ့ သုံးသောင်းနားပဲ။ ဝင်ငွေနဲ့ ပြန်ချိန်ရတယ်။ ကား Engine Power အကြီးတွေကြိုက်ပေမယ့် ကိုယ်က သွားရလာရတာများတော့ ဆီ ဖိုးကလည်း အရင် 95 Ron 1 Litre ကို ၆၅ဝ ကျပ်တုန်းကလို ဆီ ဖိုးမကြောက်တဲ့သူကနေ အခုဆီဈေး နှုန်းအရ ဆီဖိုးကြောက်လို့ အသွား အလာကအစ Control လုပ်နေရတယ်။
လက်ရှိအစိုးရအနေနဲ့လည်း ပြည်သူတွေအတွက် ဆီဈေးနှုန်းကို လျှော့ချပေးဖို့ ကူညီပေးစေချင်တယ်။ဆီဈေးတက်တော့ ကားခ၊ ကုန်ဈေး နှုန်း အစစအရာရာအားလုံးဈေးတွေ တက်သွားတယ်။ အဲဒီအတွက် ဆီ ဈေးကျဖို့ ပြည်သူတွေအတွက် ကြည့် ရှုပေးသင့်ပါတယ်။

ဦးမောင်ထွန်း (Express ယာဉ်မောင်း)

ဦးတို့ကတော့ လစာနဲ့မောင်းရ တာမို့ သိပ်မထူးခြားပါဘူး။ ဒါပေမဲ့ ဂိတ်အနေနဲ့တော့ ပိုင်ရှင်တွေတော့ အထိနာနေတယ်။ ကားခတိုးတောင်း လို့က အလွယ်တကူ လုပ်မရဘူးလေ ဌာနတွေကို တင်ပြရသေးတာ။ ဆီ ဈေးကလည်း ကားကြီးတွေဆိုတော့ သိသာလွန်းတယ်။ ပုံမှန်အရင်က နှစ် သိန်းဖိုးထည့်ရတဲ့ ခရီးက အခုသုံး သိန်းပဲ။ ဒီလိုအခြေအနေမှာ ကား ပိုင်ရှင်တွေအတွက်တော့ အတော် ကျပ်တည်းတာပေါ့နော်။ ပိုက်ဆံရှိလို့ ကားထောင်ထားပေမယ့် တကယ့် တကယ်ပြင်ဆင်စရိတ်နဲ့ ကျသူတို့ လည်း ခက်ခဲနေတာ သိနိုင်ပါတယ်။ဆယ်စီးရှိတဲ့လူက အခုအချိန် ငါးစီး လောက်ပဲ ထွက်နေတာမျိုးပေါ့။ ဆီ ဈေးနှုန်းကို အစိုးရက ဈေးကျအောင် မလုပ်နိုင်တာလားတော့ သိချင်ပါ တယ်။

အောင်ပြည့်စုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။ မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး၏ ကြေညာ ချက်တွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခသည် (၅၅၀၀၀)ကျပ် ဖြစ်ပြီး အထူးကားအတွက် ကျပ် (၈၀၀၀၀) ဖြစ်သည်။ ယခင်က ရိုးရိုးကားခမှာ (၆၀၀၀၀) ကျပ်ဖြစ်ပြီး အထူးကား သည် (၉၀၀၀၀)ကျပ် အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင်လည်း ရိုးရိုးကားလက်မှတ်ခကို (၄၀၀၀၀)ကျပ်မှ...