Wednesday, April 22, 2026

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက် လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း...
HomeNewsLocal Newsငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီမည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPNC) ၏ NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးတို့အတွက် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဟု ယနေ့ ဧပြီ ၂၂ ရက်တွင် ပါတီကသဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများဆက်လက်ဆောင်ရွက်ရန် ဖိတ်ခေါ်မှုကိုလည်း ပါတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် NCA သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်သူလူထု၏ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ကိုလည်း အပြည့်အဝယုံကြည်သဘောတူထောက်ခံသည်ဟု ထုတ်ပြန်ဖော်ပြခဲ့သည်။

ထို့ကြောင့် အနာဂတ်တွင်လည်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရေရှည်ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် NSPNC နှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ဆန္ဒအပြည့်အဝရှိသည်ဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား ယမန်နေ့ ( ဧပြီ ၂၁)ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့တွေ့ဆုံစဉ် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်မှတစ်ဆင့် ဆောင်ရွက်နေမှုများအပါအဝင် အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရသည်။ ထိုနောက်...

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့် ခွဲစိပ်မှုကို အဝေးထိန်းစနစ်ဖြင့်ကုသ

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ကုသရေးလုပ်ငန်းစဉ်ကို ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံနှင့် ကီလိုမီတာ ၂,၀၀၀ ကျော်အကွာရှိ ချန်ဒူးမြို့ရှိ West China ဆေးရုံတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Nopparat Rajathanee ဆေးရုံရှိ လူနာတစ်ဦးသည် စက်ရုပ်အကူအညီဖြင့် သည်းခြေအိတ်ဖယ်ရှားခြင်း ခံယူခဲ့ပြီး ချန်ဒူးရှိ ထိုင်းခွဲစိတ်ဆရာဝန် ဒေါက်တာ ပတ်ထရာပွန်း ဖက်ဖော်ဆရီက အချိန်နှင့်တပြေးညီ...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အတွင်း အချို့နေရာများတွင် မိုးကြိုးမုန်တိုင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် လက္ခဏာရပ်များကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း နွေရာသီမုန်တိုင်းများ ကြုံတွေ့ရနိုင်သည်ဟု ဗုဒ္ဓဟူးနေ့နံနက်က ဒုတိယသတိပေးချက်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းများသည် မြောက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်တို့ကို အစောပိုင်းတွင် သက်ရောက်မှုရှိပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ယင်း၏အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်းလွင်ပြင်များသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ Ref ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071