Friday, July 31, 2026

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊...

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော...

နေပြည်တော်၊ ဇူလိုင် ၃၁ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင်...

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်...

အစိုးရသစ်ရက်၁၀၀ တွင် တိုင်းရင်းသားလက်နက်ကိုင်(၁၃)ဖွဲ့ နှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဇူလိုင် ၃၁ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့်...

ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် ခေတ်မီ DEMU...

ရန်ကုန်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်အဖြစ် ရန်ကုန်-ပြည် ရထားလမ်းပိုင်းတွင် အမှတ် (၇၃) အဆန်နှင့် အမှတ် (၇၄) အစုန်...
HomeMoviesငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ...

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ရှိ စာသင်ကျောင်းများ ယာယီပိတ်ထားရဟု ဆို

လေးမျက်နှာ၊ဇူလိုင်-၃၁

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ငဝန်မြစ်ရေ မြင့်တက်လာပြီး ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ ရေဝင်ရောက်နေသဖြင့် မြို့ပေါ်ရှိစာသင်ကျောင်းများကို ယာယီပိတ်ထားရ‌ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီအထိ ငဝန်မြစ်ရေသည် မြစ်ကျိုးအင်းအတွင်းသို့ ဝင်ရောက်ကာ ယင်းမှတစ်ဆင့် အ မှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်များနှင့် ဂျမ်းကုန်း၊ ကျွန်းကုန်း၊ ကွမ်းခြံကုန်းကျေးရွာများသို့ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

လက်ရှိ ရေဘေးသင့်ဒေသများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကူညီရွှေ့ ပြောင်းပေးလျက်ရှိပြီး ဇူလိုင် ၃၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်သည့် ကွပ်ကဲရေးအဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိကာ မြို့ပေါ်ရပ်ကွက်များအတွင်း ကင်းလှည့်စောင့်ကြည့်ခြင်းနှင့် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ARFSD

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများရရှိ

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ဒေသတွင်းချိတ်ဆက်မှုနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးတို့တွင် အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတသည် အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့...

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ အာဆီယံနှင့်ဆက်ဆံရေးတွင်...

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း

အစိုးရသစ်ရက်၁၀၀ တွင် တိုင်းရင်းသားလက်နက်ကိုင်(၁၃)ဖွဲ့ နှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြော နေပြည်တော်၊ ဇူလိုင် ၃၁ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးသဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူချိန်မှစ၍ “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး” နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး” ဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071