ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှု ၏ တာတမံအရေးပေါ်ကာကွယ်ခြင်းနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ခြင်းတို့အား ဩဂုတ် ၄ ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့ စက်တင်ဘာ ၈ ရက်တွင် ရေဝင် လမ်းကြောင်းကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်း၍ Steel Sheet Pile များပိုမိုတည်ငြိမ်ခိုင်ခံ့စေရန် အနောက်ဘက်မှထောက်ကန်ပေးနိုင်ရေးအတွက် သဲအိတ်များချခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရွှေစင်ကြယ်နှင့် “ရွှေနန်းတော်”ဆောက် လုပ်ရေးရေယာဉ်များက Steel Sheet Pile များကို က ရိန်းနှင့် Silent Pile Driver, Electric Vibratoury Pile Hammer များအသုံးပြုရိုက်သွင်းခြင်းတို့ကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကာရံပိတ်ဆို့ပြီးသော Steel Sheet Pile များအား အတွင်း/အပြင်ရေမျက်နှာပြင် ကွာခြားလာမှုကြောင့် ပြင်ပရေတွန်းအားဖြစ်ပေါ်လာမှုအား ခံနိုင် ရည်ရှိရန်အတွက် Jumbo Bags(သဲအိတ်)များချခြင်း၊ သဲအိတ်များကာရံခြင်းနှင့် “ဧရာမောင်”သောင်တူးစက် ကြီးရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့ သဲမှုတ်သွင်းခြင်း၊ Sheet Pile များအား ခိုင်မာမှုရှိစေရန် သံမဏိဒေါက်တိုင်များထပ်မံကျားကန်ထောက်ပေးခြင်းတို့ကိုလည်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေဝင်လမ်းကြောင်းထိန်းချုပ်နိုင်ခဲ့မှုနှင့် လုပ်ငန်းများဆက်လက်ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဝန် ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
