တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ကျင်းပသွားမည်ဖြစ်သည်။
