လေးမျက်နှာ၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းစဉ်တွင် ရေစီးကျော်ဝင်ရောက်မှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာနှင့် ဝန်ထမ်း ၂၃၄ ဦးတို့က Sheet Pile ၂၈၂ ချောင်းကို အသုံးပြုကာ ရေအနက် ၁၇ မီတာအထိ စက်ယန္တရားကြီးများဖြင့် နေ့ညမပြတ် အားဖြည့်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျသည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် ဆောလျင်စွာ ပြီးစီးရေးတို့ကို စီမံဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေစီးကျော်ဝင်ရောက်သည့် နေရာတွင် Sheet Pile များ ရိုက်၍ ကာရံတားစီးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး ကာရံခြင်းလုပ်ငန်းတွင် အပြီးသတ်ရိုက်သွင်းမည့် Sheet Pile အား အမွေးနံ့သာများ ပက်ဖြန်းပေးပြီး ရိုက်သွင်းခဲ့သည်။
ရေစီးကျော်ဝင်ရောက်မှုကို တားစီးနိုင်သော်လည်း အပြင်ရေနှင့် အတွင်းရေ ကွာခြား ချက်များလာသည်နှင့်အညီ ကာရံထားသည့် Sheet Pile များ ခိုင်ခန့်မှု အားနည်းလာနိုင်သဖြင့် Sheet Pile များနောက်တွင် ချုပ်တန်းများ၊ ဒေါက်တန်းများ၊ ကျားကန်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ရေစီးကျော်ဝင်ရောက်မှုအား အလုံးစုံပိတ်နိုင်ရန်အတွက် သဲအိတ်များ ချခြင်း၊ Sheet Pile များ၏ အောက်ခြေတွင် Scour မဖြစ်စေရန် Jumbo bag သဲအိတ်များချခြင်း၊ Inclination ထောက်များဆောင်ရွက်ခြင်း၊ Sheet Pile များအား ထောက်ထားသော H Beam များ၏ ဝရိန်သားများအား နေ့/ည မပြတ်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အားနည်းသော အပိုင်းအား ပြန်လည်အားဖြည့်ဆောင်ရွက်ခြင်း၊ ရေလမ်းကြောင်းအား အဟန့်အတားဖြစ်စေရန် Concrete Sinker တုံးများချပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာတမံပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်ပြီးစီးပါက ရေဝင်ရောက်ခဲ့သည့် လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ ဟင်္သာတမြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများ မိမိနေထိုင်ရာဒေသများသို့ ဆောလျင်စွာ ပြန်လည်ဝင်ရောက်ခြင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
လက်ရှိတွင် တာတမံ ရေရှည်ခိုင်ခံ့စေရေးအတွက် အင်ဂျင်နီယာများနှင့် ဝန်ထမ်း ၂၀၀ ကျော်ဖြင့် နောက်ဆက်တွဲ ကြံ့ခိုင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ငဝန်တာကျိုး၍ ရေစီးကျော် ဝင်ရောက်သည့်နေရာအား Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများကို အပြီးသတ် ဆောင်ရွက်၊ တာတမံပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်ပြီးစီးပါက ရေဘေးသင့်ပြည်သူများ နေရပ်ပြန်နိုင်ခြင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့်စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်စိုက်ပျိုးနိုင်မည်
