မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခို-က်ပျ-က်ဆီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်(၈)ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံမည် ဘိလပ်မြေအိတ် (၅ ဒသမ ၃၄)သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညိနှိုင်းထားပြီးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောသည်။
မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း၏ (၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၉)ရက်က ကျင်းပစဥ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဘိလပ်မြေထုတ်လပ်မှု နည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ ကောလိပ်စသည့် အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။
ဘိလပ်မြေစက်ရုံများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ လက်တွေ့လာရောက်ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။
ထို့နောက် အစည်းအဝေးတွင် ငလျင်ဒ-ဏ်သင့်ဒေသများကို ဘိလပ်မြေဖြန့်ဖြူးပေးနိုင်ရေး အခြေအနေများနှင့် အရည်သွေးပြည့်မှီစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
