Monday, July 27, 2026

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ...

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန်...

Yangon’s Digital Marketing &...

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI...

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ...

မြန်မာနိုင်ငံတော်သမ္မတက ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ ဖွင့်လှစ်

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝဇီရာကဇာတ်ရုံကို မူလလက်ရာမပျက် ပြန်လည်ထိန်းသိမ်းမွမ်းမံကာ ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံ အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်သည့် အခမ်းအနားကို...
HomeNewsLocal Newsသားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး...

သားဖွားမီးယပ်အရေးပေါ်အခြေအနေများတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ရေး Webinar ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၆

ဆေးရုံ၊ ဆေးခန်းများနှင့် ပြည်သူလူထုအတွင်း သားဖွားမီးယပ်အရေးပေါ်အခြေအနေများ၌ လျင်မြန်တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်သည့် အွန်လိုင်း Webinar ကို ဇူလိုင် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ သိရသည်။

အဆိုပါ “Decision-Making on Obstetric Emergencies for Nurses and Midwives in Clinical Settings” အွန်လိုင်း Live Webinar ကို မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ ဦးစီး၍ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် Z-waka Application နှင့် Zoom Platform တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Webinar တွင် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က အန္တရာယ်မြင့်ကိုယ်ဝန်ဆောင်များကို ရပ်ရွာအဆင့်တွင် စောစီးစွာသတ်မှတ်ခြင်း၊ မွေးဖွားရေးအစီအစဉ်ရေးဆွဲခြင်းနှင့် လွှဲပြောင်းကုသရန် ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်ပန်းအိခိုင်က Pre-eclampsia နှင့် Eclampsia လူနာများ၏ ရောဂါပြင်းထန်မှု အကဲဖြတ်ခြင်း၊ သူနာပြုစောင့်ရှောက်မှုနှင့် Case-Based Clinical Decision-Making ဆိုင်ရာ အတွေ့အကြုံများကိုလည်းကောင်း၊ အထက်တန်းသူနာပြု ဒေါ်ဆွေစိုးမာက Placenta Previa လူနာများ၏ အကဲဖြတ်ခြင်းနှင့် ဆေးရုံအတွင်း သူနာပြုစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဆွေးနွေးပို့ချပေးသွားမည် ဖြစ်သည်။

တက်ရောက်လိုသူများအနေဖြင့် Z-waka Application မှတစ်ဆင့်ဖြစ်စေ၊ Zoom QR Code၊ Zoom ID နှင့် Passcode သို့မဟုတ် Zoom Link ကို အသုံးပြု၍ဖြစ်စေ ကြိုတင်စာရင်းသွင်း တက်ရောက်နိုင်ပြီး CPD (3) Points ရယူလိုပါက KBZPay မှတစ်ဆင့် ငွေကျပ် ၃,၀၀၀ ပေးသွင်းကာ ငွေလွှဲပြေစာကို သတ်မှတ်ထားသည့် ဖုန်းနံပါတ်သို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် Z-waka Application အသုံးပြုရာတွင် အခက်အခဲရှိပါက ရုံးဖုန်း ၀၉-၄၂၄၅၉၆၃၀၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီက အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်-ရန်ကုန် DEMU ရထားပေါ်၌ ဆူညံစွာ သီချင်းဆိုခြင်းနှင့် စည်းကမ်းဖောက်ဖျက်ခဲ့သူ (၅၄) ဦးအား ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

ရထားပေါ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် စည်းကမ်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာဆိုင်ရာ အယူအဆများ အငြင်းပွားဖွယ်ဖြစ်ပေါ် မော်လမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ထွက်ခွာသည့် အမှတ် (၈၄) အဆုန် DEMU လူစီးအမြန်ရထားပေါ်တွင် ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်းနှင့် စည်းကမ်းမဲ့ အပြုအမူများ ပြုလုပ်ကာ အခြားခရီးသည်များအား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည့် ဒေါ်မြသန်း ပါဝင်သော အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၅၄) ဦးတို့အား မီးရထားဌာနက တရားလိုပြုလုပ်၍ ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၃...

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ပြုလုပ်

Yangon’s Digital Marketing & AI Panel Discussion ပွဲအခမ်းအနားကို ဇူလ်ိုင်လ (၂၆)ရက်နေ့က ရန်ကုန် ၊ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲအခမ်းအနားမှာတော့ ကိုခန့်ကျော်ဇော - The Profit Marketer ၊ မှူးသပြေခွန်အောင်Digital marketing by Hmue agency Founder & CEO တို့က Digital Marketing & AI အကြောင်းအရာတွေက်ို ဆွေးနွေးမျှဝေခဲ့ပါတယ်။

ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံ ကဇာတ်ရုံဖွင့်ပွဲအခမ်းအနားသို့ အနုပညာရှင်များစွာ ဂုဏ်ပြုတက်ရောက်လာ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (အမှတ် ၃၂၇) ၌တည်ရှိသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ် ဝဇီရာဂုဏ်ပြုခံ ကဇာတ်ရုံအား မူလလက်ရာမပျက်ပြင်ဆင်ထိန်းသိမ်းမှုများပြုလုပ်ကာ အဆင့်မြှင့်တင်ခဲ့ပြီးနောက် ယနေ့ ဂျူလိုင်လ ၂၇ ရက်တွင် ဝဇီရာနိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် ဖွင့်လှစ်ပွဲသည့် အခမ်းအနားကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် ပြေတီဦးတို့ဇနီးမောင်နှံ၊ ဝတ်မှုံရွှေရည်တို့ဇနီးမောင်နှံ၊ ဟိန်းဝေယံတို့ဇနီးမောင်နှံ စသည့် ရုပ်ရှင်၊ သဘင်၊ ဂီတမှ အနုပညာရှင် အတတ်ပညာရှင်ပေါင်းများစွာမှ ဂုဏ်ပြုတက်ရောက်လာသည့် မြင်ကွင်းပုံရိပ်များ ဖော်ပြလိုက်ပါသည်။ အဆိုပါ ဝဇီရာရုပ်ရှင်ရုံကြီးကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦး‌ဆောင်ကာ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071