Saturday, July 4, 2026

အားကောင်းသောအပူပိုင်းမုန်တိုင်း”မိုင်ဆက်ခ်”နှင့် အားအလွန်ကောင်းနေသော မုတ်သုံလေတို့ကြောင့် ရန်...

တုံကင်ပင်လယ်ကွေ့အနောက်မြောက်ဘက်တွင် အား ကောင်းသောအပူပိုင်းမုန်တိုင်း"မိုင်ဆက်ခ်"နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလထံမှ သိရသည်။ ယင်း အခြေအနေနှစ်ရပ်ကြောင့် မနက်ဖြန် ဇူလိုင်...

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသိသိသာသာ မြင့်တက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းအ တွင်း ဧရာဝတီ မြစ်ရေသိသိသာသာမြင့်တက်လာကာ အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးသို့မြစ်ရေများစ တင်ဝင်ရောက်လာနေကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ ဇူလိုင် ၄...

မူးယစ်ဆေးဝါးကွန်ရက်များကို နိုင်ငံတော်အဆင့် နှိမ်နင်းမည်–အနူတင်

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် သြစတြေးလျတွင် ထိုင်းလေကြောင်းလိုင်း မှ လေယာဉ်မယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည် အတွက် နိုင်ငံ၏ နိုင်ငံတကာဂုဏ်သတင်းကို ထိခိုက်စေကြောင်း ထိုင်းဝန်ကြီးချုပ်...

ပါကစ္စတန်တွင်လမ်းဘေးမြောင်းထဲဘတ်စ်ကားထိုးကျ၍ လူ ၄၀ ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ္စတန်ပြည်နယ်တွင် သောကြာနေ့က ဘတ်စ်ကားတစ်စီး သာ် လမ်းဘေးမြောင်းထဲ ပြုတ်ကျခဲ့သဖြင့် လူ ၄၀ ဦး‌ေ-သဆုံးပြီး ရှစ်ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်းး...
HomeNewsLocal Newsငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ...

ငလျင်နောက်ဆက်တွဲ စိုးရိမ်မှုများကြောင့် မန္တလေးရှိ အထပ်မြင့်တိုက်ခန်း အရောင်းအဝယ်ဈေးကွက် ဆက်လက်အေးစက်နေ

မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာမြင့်လာသော်လည်း အထပ်မြင့်အိမ်ရာတိုက်ခန်းများ၏ အရောင်းအဝယ်ဈေးကွက်မှာ ယနေ့အချိန်အထိ အေးစက်နေဆဲဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

အိမ်ခြံမြေလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် စိုးရိမ်စိတ်များ ဆက်လက်ကျန်ရှိနေသဖြင့် ဝယ်ယူလိုသူများသည် အထပ်မြင့်တိုက်ခန်းများ ဝယ်ယူရာတွင် သတိထားနေကြပြီး ဈေးကွက်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် အချိန်လိုအပ်နေသေးကြောင်း သိရသည်။

“ငလျင်ဖြစ်ပြီး တစ်နှစ်ကျော်လာပေမယ့် လူတွေရဲ့စိုးရိမ်စိတ်က မလျော့သေးပါဘူး။ အထပ်မြင့်တိုက်ခန်းတွေက ပြင်ပထိခိုက်မှု မများပေမယ့် အဆောက်အအုံအတွင်းပိုင်း ထိခိုက်မှုရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဝယ်ယူသူတွေက သတိထားနေကြတယ်။ လက်ရှိမှာတော့ အရောင်းထက် အငှားဈေးကွက်က ပိုမိုလှုပ်ရှားနေပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ငလျင်မတိုင်မီက ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားဝယ်ယူခဲ့သည့် မြရည်နန္ဒာအိမ်ရာအပါအဝင် မြို့တွင်းအချက်အချာကျသည့် နေရာများရှိ အထပ်မြင့်တိုက်ခန်းများသည် လက်ရှိတွင် အရောင်းအဝယ်နည်းပါးနေပြီး အငှားဈေးကွက်သာ ပိုမိုလည်ပတ်လျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။

ဈေးနှုန်းပိုင်းတွင် သိသာထင်ရှားသည့် အပြောင်းအလဲမရှိသေးဘဲ ငလျင်မတိုင်မီက မြရည်နန္ဒာအိမ်ရာရှိ တိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းမှာ အကျယ်အဝန်းနှင့် အထပ်အလိုက် ကျပ်သိန်း ၇၀၀ ဝန်းကျင်ရှိခဲ့ပြီး မြို့တွင်းအထပ်မြင့်တိုက်ခန်းများမှာလည်း တည်နေရာ၊ အခန်းအကျယ်အဝန်းနှင့် အလွှာအလိုက် ကျပ်သိန်း ၇၀၀ ဝန်းကျင်မှ ကျပ်သိန်းသောင်းဂဏန်းအထိ ဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဈေးနှုန်းများ တည်ငြိမ်နေသော်လည်း ယခင်ကဲ့သို့ အရောင်းအဝယ်မဖြစ်တော့ဘဲ ဝယ်လိုအား ဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကောင်းသောအပူပိုင်းမုန်တိုင်း”မိုင်ဆက်ခ်”နှင့် အားအလွန်ကောင်းနေသော မုတ်သုံလေတို့ကြောင့် ရန် ကုန်တိုင်း၌ မနက်ဖြန်မွန်းတည့်ပိုင်းအထိ နေရာကွက်၍ မိုးကြီးမည်

တုံကင်ပင်လယ်ကွေ့အနောက်မြောက်ဘက်တွင် အား ကောင်းသောအပူပိုင်းမုန်တိုင်း"မိုင်ဆက်ခ်"နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့ဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလထံမှ သိရသည်။ ယင်း အခြေအနေနှစ်ရပ်ကြောင့် မနက်ဖြန် ဇူလိုင် ၅ ရက်မွန်းတည့်ပိုင်းအထိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မ ကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ် ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်...

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေသိသိသာသာ မြင့်တက်လာ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းအ တွင်း ဧရာဝတီ မြစ်ရေသိသိသာသာမြင့်တက်လာကာ အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးသို့မြစ်ရေများစ တင်ဝင်ရောက်လာနေကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ ဇူလိုင် ၄ ရက်မွန်းတည့် ၁၂ နာရီခွဲအ ချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၌ (၁,၃၉၃)စင်တီမီတာသို့ရောက်ရှိနေရာ စိုးရိမ်ရေ မှတ်ရောက်ရှိရန် (၃၀၇စင်တီမီတာသာလိုတော့ကြောင်း သိရသည်။ လက်ရှိအချိန်၌ မြစ်ရေဝင်ရောက်မှုမှာစိုးရိမ်ဖွယ်ရာမရှိသေးသော်လည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်နေထိုင်သူများအနေဖြင့် မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ဧရာဝတီမြစ်ရေကြီးခြင်းနှင့်အတူ ကမ်းပြိုဘေးအန္တရာယ်ကို သတိပြုသွားလာကြရန် မြို့တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။ ထို့ပြင် မြို့နယ်အတွင်း ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများက...

မူးယစ်ဆေးဝါးကွန်ရက်များကို နိုင်ငံတော်အဆင့် နှိမ်နင်းမည်–အနူတင်

မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု စွဲချက်များဖြင့် သြစတြေးလျတွင် ထိုင်းလေကြောင်းလိုင်း မှ လေယာဉ်မယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသည် အတွက် နိုင်ငံ၏ နိုင်ငံတကာဂုဏ်သတင်းကို ထိခိုက်စေကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ဝန်ခံခဲ့ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုကို နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ကြေညာခဲ့သည်။         အစိုးရအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကိုသာ ဖမ်းဆီးနေခြင်းထက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေး ကော်မတီ အစည်းအဝေးတွင် မစ္စတ အနူတင်က ပြောကြားခဲ့သည်။         “ဒီပြဿနာကို နိုင်ငံတော်လုပ်ငန်းစဉ်တစ်ခုအဖြစ် သဘောထားမယ်ဆိုတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071