Tuesday, July 14, 2026

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ်...

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးအိမ်ပြိုကျ၊ ၉ ဦး...

အစ္စလာမာဘတ်၊ ဇူလိုင် ၁၄ ရက် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်တွင် တနင်္လာနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ...

မက္ကဆီကိုတွင် ပမာဏ ၅.၀ အဆင့်ရှိ...

ပေကျင်း၊ ဇူလိုင် ၁၄ ရက် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း ကွန်ဂရီဂါစီယွန် ရီဖော်မာ မြို့၏ အနောက်-အနောက်တောင်ဘက် ၂ ကီလိုမီတာအကွာကို ဗဟိုပြု၍ အင်္ဂါနေ့...
HomeMoviesငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး...

ငလျင်ဒဏ်ခံနိုင်ရည်ရှိသည့် အဆောက်အအုံများ တည်ဆောက်နိုင်ရေး အရည်အသွေးမြင့် သံမဏိအသုံးပြုရန် AISC အကြံပြု

ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများ အသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီ (ASEAN Iron & Steel Council – AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်၍ တိုက်တွန်းထားသည်။

အဆိုပါ အစီရင်ခံစာတွင် အာဆီယံနိုင်ငံများ၌ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ၏ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို သုံးသပ်ထားပြီး Induction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးဆိုင်ရာ အန္တရာယ်များကို အဓိက ထည့်သွင်းဖော်ပြထားသည်။

AISC က အာဆီယံအစိုးရများအနေဖြင့် IF စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုမှုအား ပြန်လည်သုံးသပ်ရန်၊ ယင်းသံမဏိများကို အန္တရာယ်နည်းပါးသည့် လုပ်ငန်းများတွင်သာ ကန့်သတ်အသုံးပြုရန်၊ ထုတ်ကုန်အမှတ်အသားများကို ရှင်းလင်းစွာ ဖော်ပြရန်နှင့် ဆက်လက်အသုံးပြုမည်ဆိုပါက အရည်အသွေးစစ်ဆေးမှု စံနှုန်းများကို ပိုမိုတင်းကျပ်စွာ သတ်မှတ်ရန် တိုက်တွန်းထားသည်။

ထို့ပြင် ခေတ်မီသံမဏိထုတ်လုပ်ရေး နည်းပညာများသို့ အဆင့်ဆင့်ကူးပြောင်းနိုင်ရန် လမ်းပြမြေပုံ (Roadmap) ရေးဆွဲအကောင်အထည်ဖော်ရန်လည်း အကြံပြုထားသည်။

အစီရင်ခံစာအရ လိုအပ်သည့် စီမံဆောင်ရွက်မှုများ မပြုလုပ်ပါက အရည်အသွေးနိမ့် သံမဏိများ ဈေးကွက်အတွင်း ပိုမိုပျံ့နှံ့လာနိုင်ပြီး ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးထားသည်။

IF စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများသည် လက်ရှိသတ်မှတ်ထားသည့် ဓာတုဗေဒစံနှုန်းအချို့ကို ပြည့်မီနေသော်လည်း အသေးစိတ် စမ်းသပ်စစ်ဆေးမှုများအရ အညစ်အကြေးပါဝင်မှုနှုန်း မြင့်မားနေပြီး ယင်းအခြေအနေကြောင့် ငလျင်ဒဏ်ခံနိုင်ရည်နှင့် အဆောက်အအုံများ၏ တည်ဆောက်ပုံဆိုင်ရာ ခိုင်ခံ့မှုကို ထိခိုက်စေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ IF စနစ်ဖြင့် သံမဏိချောင်း ထုတ်လုပ်ခြင်းကို ပိတ်ပင်ထားကြောင်း၊ အိန္ဒိယနိုင်ငံတွင်လည်း အဆောက်အအုံ၏ အဓိကဖွဲ့စည်းပုံများ၌ အသုံးပြုခြင်းကို တားမြစ်ထားကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံတွင် IF စနစ်မှ ခေတ်မီထုတ်လုပ်ရေးနည်းပညာများသို့ အဆင့်ဆင့် ကူးပြောင်းနေပြီး အရည်အသွေးထိန်းချုပ်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်လည်း IF စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများကို ရှင်းလင်းစွာ အမှတ်အသားပြုလုပ်ခြင်းနှင့် စီမံခန့်ခွဲမှုများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း AISC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

AISC က Blast Furnace/Basic Oxygen Furnace (BF/BOF) နှင့် Electric Arc Furnace (EAF) စနစ်များသည် သံမဏိအတွင်းရှိ အညစ်အကြေးများကို စနစ်တကျ သန့်စင်ပေးနိုင်သည့် လုပ်ငန်းစဉ်များ ပါဝင်သော်လည်း IF စနစ်တွင် အဓိက သန့်စင်ရေးလုပ်ငန်းစဉ် (Primary Refining) မပါဝင်သဖြင့် အညစ်အကြေးများ ကျန်ရှိနိုင်ပြီး သံမဏိ၏ ခိုင်ခံ့မှုနှင့် တာရှည်ခံနိုင်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း ထောက်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနီးစခန်းလေဆိပ်ကိုအခြေပြု၍ လေကြောင်းလိုင်း (၄)လိုင်းက မြို့ကြီးများသို့တိုက်ရိုက်ပျံသန်းပြေးဆွဲ

MAI ကလည်း ဇူလိုင် ၁၈ ရက်မှစတင်၍ ရန်ကုန်-ပြင်ဦးလွင်(အနီးစခန်း)ခရီးစဥ်ပျံသန်းပြေးဆွဲမည် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သော မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကိုအခြေပြုပြီး လေကြောင်းလိုင်း(၄)လိုင်းက ရန်ကုန်မြို့နှင့် နေပြည်တော်တို့အပါအဝင် မြို့ကြီးများသို့ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မင်္ဂလာလေ ကြောင်းလိုင်း၊ အဲသံလွင်လေကြောင်းလိုင်းနှင့် မန်းရတ နာပုံလေကြောင်းလိုင်းတို့က စတင်ဖွင့်လှစ်သည့်နေ့မှစ ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနေ့များတွင် ရန်ကုန်မြို့၊ နေပြည်တော်၊ မန္တလေးမြို့၊ ရှမ်းပြည် နယ်ရှိ တာချီလိတ်၊ ဟဲဟိုးမြို့များသို့တိုက်ရိုက်ခရီးစဉ်များအဖြစ်ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း...

လဝက ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန်ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုဆွေးနွေး

လူမျိုးအမည်အခေါ်အဝေါ်အရေးအသားများတိကျမှန် ကန်စွာသတ်မှတ်နိုင်ရေးဆောင်ရွက်ရမည့်လုပ်ငန်းအစီ အစဉ်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ကရှင်းလင်းဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ဇူလိုင် ၁၃ ရက်မွန်း လွဲပိုင်းတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌဦးစိုးထက်(ခ)ဆလိုင်းမဲလု အားလက်ခံတွေ့ဆုံစဥ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့်အခြေအ နေများကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့ရှိ ချင်းနှင့် ရခိုင်မျိုးနွယ်စုအတွင်း လူမျိုးအ မည်၊ အခေါ်အဝေါ် အသုံးအနှုန်းများကွဲလွဲနေမှုနှင့် မှန် ကန်စွာသတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် လိုအပ်ချက်များရှိပါက လဝက...

ပါကစ္စတန်တွင် မိုးသည်းထန်စွာရွာသွန်းပြီးအိမ်ပြိုကျ၊ ၉ ဦး ‌ေ-သဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ

အစ္စလာမာဘတ်၊ ဇူလိုင် ၁၄ ရက် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ခွာပြည်နယ် ကိုဟတ်ခရိုင်တွင် တနင်္လာနေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး လူ ၉ ဦး ‌ေ-သဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ Rescue 1122 မှ တာဝန်ရှိသူတစ်ဦးက တနင်္လာနေ့ ညနက်ပိုင်းတွင် ပြောကြားရာ၌ အဆိုပါခရိုင်အတွင်းရှိ လာချီဒေသ၊ မာလ်ဂျင်ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးများအောက်တွင် လူ ၂၃ ဦး ပိတ်မိခဲ့ကြောင်း သိရသည်။ ကိုဟတ်ခရိုင်နှင့် အိမ်နီးချင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071