Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeCelebrities' Newsငယ်ငယ်တုန်းက ကောင်လေးနှစ်ယောက်ကြားမှာ ...

ငယ်ငယ်တုန်းက ကောင်လေးနှစ်ယောက်ကြားမှာ ဗျာများခဲ့ဖူးပါတယ်လို့ သရုပ်ဆောင် ဖွေးဖွေး

သရုပ်ဆောင် ဖွေးဖွေးကတော့ မကြာမီရုံတင်ပြသ တော့မယ့် ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ဒါရိုက်တာ ဝင်းလွင်ထက် တို့ ဒါရိုက်တာနှစ်ဦးကရိုက်ကူးခဲ့ပြီး လွှမ်းပိုင်နဲ့ရဲရင့်အောင် တို့ အဆိုတော်နှစ်ဦးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမအနေဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ အဆိုတော်နှစ်ဦးနဲ့အတူ အပေးအယူမျှတအောင် သရုပ်ဆောင်ခဲ့ပုံကို သရုပ် ဆောင်ဖွေးဖွေးက ခုလိုပြောပြခဲ့ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားမှာ ဖွေးက ကိုယ်ရည်စားကို မတော်တဆ သစ္စာဖောက်မိတဲ့ ဝင့်ရှိန်ပျိုဇာတ်ကောင် နေရာက သရုပ်ဆောင်ထားပါတယ်။ ကောင်လေးနှစ် ယောက်ကြားမှာ ဗျာများရတဲ့ ကာရိုက်တာဆိုတော့ ကြား အိုင်တင်ရအောင် ကြိုးစားပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဂီတလောကမှာအောင်မြင်ပြီးသားဖြစ်တဲ့ လွှမ်းပိုင်၊ ရဲရင့် အောင်တို့နဲ့ ပထမဆုံးဆုံတွေ့ဖြစ်တဲ့ဇာတ်ကားပေါ့။ ကိုအောင်ဇော်လင်းနဲ့ ကိုဝင်းလွင်တို့ ဒါရိုက်တာ နှစ် ယောက်နဲ့လည်း ဖွေးနဲ့ တစ်ခါမှ မဆုံဖူးသေးပါဘူး။ ဒီရုပ် ရှင်ဇာတ်ကားမှာ ပထမဆုံးဆုံကြတာပါ။ ဖွေး တစ်ခါမှ မဆုံဖူးသေးတဲ့ နှစ်ယောက်တွဲတွေပေါ့။ အဲဒါကြောင့်လည်း ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဖွေး အလွန်ရင်ခုန်နေပါ တယ်။ ဖွေးတို့ ကြိုးစားထားကြတဲ့ ဇာတ်ကားတစ်ကား လည်း ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လည်း တအားကို ကြိုးစားထားကြပါတယ်။ ဖွေးတို့ စီနီယာ ဂျုနီယာလို့ သဘာမထားဘဲ တန်းတူသရုပ်ဆောင်ခဲ့ကြတယ်။ ကိုယ်က ပိုသွားမှာတွေ သူတို့က လိုတော့မှာတွေ တိုင်ပင်စရာမလို ပါဘူး။ ဖွေး အပေးအယူမျှအောင် သရုပ်ဆောင်ခဲ့ ကြပါတယ်။ အပေးမယူလည်း မျှပါတယ်”လို့ ဖွေးဖွေးက ပြောပြခဲ့ပါတယ်။ ကိုယ်တိုင်လည်း ငယ်ငယ်တုန်းက ကောင်လေးနှစ်ယောက်ကြားမှာ ဗျာများဖူးတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ဖွေးဖွေးက …

“ဖွေးငယ်ရွယ်တုန်းက ဒီထက်အရွယ်ငယ်တုန်း ကပေါ့။ ဒီဇာတ်ကားထဲကလို ချစ်သူရည်းစားနှစ် ယောက်ကြားမှာ ဗျာများဖူးတယ်။ အဲဒီကုန်ကြမ်း လေးတွေ ထုတ်သုံးလိုက်တာပေါ့နော်။ ဒါပေမဲ့ ဒီလိုဆင်တူကြီးမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ ဖွေး ဇာတ်ကားထဲက ကာရိုက်တာက မိန်ကလေး ချင်းပဲ ကိုယ်ချင်းစာနာနိုင်မယ့် ကာရိုက်တာမျိုးပါ။ တချို့ မိန်းကလေးတွေဆိုရင် နှလုံးသားထဲမှာတစ် ယောက်ဦးနှောက်ထဲမှာ တစ်ယောက်ရှိတတ်ကြ တယ်လေ”လို့ ပြောပြပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071