ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျ-က်ဆီးခံရမှုနှင့် ပတ်သက်ပြီး ပြင်းထန်သည့် လက်တုံ့ပြန်မှုတွေ ဆောာင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိ TNLA နှင့် PDF အဖွဲ့များ ဝင်ထွက်သွားလာနေခြင်းကြောင့် တံတားပြင်ဆင်မှုများကို လတ်တလောလုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နှစ်ပေါင်း၁၂၅နှစ်သက်တမ်းရှိပြီးဖြစ်သော ကမ္ဘာကျော် ဂုတ်ထိပ်တံတားအား ယနေ့ ဩဂုတ်(၂၄)ရက်နေ့က TNLA မှ မိုင်းခွဲခဲ့ပြီး ပျ-က်စီးဆုံးရှုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဂုတ်ထိပ်တံတားသည် နောင်ချိုမြိုအနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိး လမ်းပေါ်၌ တည်ရှိခြင်း ဖြစ်သည်။
တံတားပျ-က်စီးမှုနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း ကျောက်မဲဘက်ခြမ်းသို ပေသုံးဆယ်ခန့် ပျ-က်စီးသွားသည်ဟု ဒေသခံများက မျှဝေထားသည်။
ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်၌ ပြီးစီးခဲ့ကာ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်ကြောင်းလည်း သိရပြီး ပြည်သူအများစုက နှမြောနေကြသည်။
