Tuesday, May 5, 2026

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက်...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား...

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...
HomeMusicဂီတသက်တမ်းနှစ် ၃ဝ တိုင်ခဲ့ပေမယ့်...

ဂီတသက်တမ်းနှစ် ၃ဝ တိုင်ခဲ့ပေမယ့် သီချင်းဆိုရမယ်ဆိုရင် သွေးနွေးဆဲပါပဲ မီမီဝင်းဖေ


ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အဆိုတော် မီမီဝင်းဖေရဲ့ One Lady Showကျင်းပနိုင်ခဲ့တယ်။ သူ့ပရိသတ်နဲ့သူ ခမ်းခမ်းနားနားလေးကျင်းပနိုင်ခဲ့တာဆို တော့ မီမီဝင်းဖေရော၊ ပရိသတ်တွေရော ပျော်ကြတယ်။ မီမီဝင်းဖေက One Lady Showကျင်းပသင့်တာကြာပြီ။ သူ့မှာ သီချင်းကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေကလည်း မနည်းတော့ဘူးလေ။

“အဓိကကတော့ ကိုယ်က ရှိုးပွဲသီဆိုတာကို ပျော်တဲ့အဆိုတော်ထဲမှာ မပါတော့ အဲဒီမှာတော့ ဖိအားတအားရှိပါတယ်။ ကျွန်မက မီးရောင်လည်း ကြောက်တယ်။ စတိတ်ကြောက်တယ်။ လူတွေကြောက်တယ်။Recording ဆိုရတာ အားသန်တဲ့ အဆိုတော်ဆိုတော့လေ။ စင်ပေါ်မှာ အကြာကြီးသီဆိုရ တာဆိုတော့ အလွန်Stress ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကိုတကယ် အားပေးတဲ့သူတွေနဲ့ နွေးနွေးထွေးထွေးတွေ့ရတော့လည်း ပျော်တာပေါ့” လို့ မီမီဝင်းဖေက ဖျော်ဖြေပွဲအပြီး ခံစားချက်ကိုပြောပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဂီတ သက်တမ်းက ၃ဝ ကျော်ခဲ့ပြီ။ သို့သော် သီချင်းဆိုရရင် သွေးနွေးဆဲပါပဲလို့ ဆိုတဲ့ မီမီဝင်းဖေက …

“၃ဝ ကျော်သက်တမ်းမှာ ဖြတ်သန်းခဲ့တာအများကြီးရှိပါတယ်။ The Wild Ones ပေါ့နော်။ ဦးထီး (စိုင်းထီးဆိုင်)တို့ တီးဝိုင်းမှာ ပင်တိုင်ဆိုခဲ့ပါ တယ်။ ဆရာစိုင်းခမ်းလိတ်သီချင်းတွေပေါ့နော်။ နောက်ပြီး မဇ္ဈိမလှိုင်း ကိုတိုး (ခင်မောင်တိုး)၊ ကိုရဲလွင်၊ ကိုနေဝင်းတို့၊ ကိုမောင်မောင် တို့နဲ့ ဖြတ်သန်းခဲ့တာ တွေရှိပါတယ်။ နောက်ပြီးရုပ်ရှင်သီချင်းတွေ အများကြီးသီဆိုခဲ့တယ်။ နောက်ပြီး တခြား Pop ဘက်က ညီသွင်တို့လိုမျိုး၊ ကိုသစ်မင်းတို့လိုမျိုးနဲ့ ဆိုခဲ့တာတွေ လည်း အများကြီးပဲ။ ကိုယ်ဖြတ်သန်းခဲ့တာတွေ အများကြီးပေါ့။ တော်တော် အရွယ်အပိုင်းအခြား တစ်ခုကို ရောက်သွားပါပြီ။ ဒါပေမဲ့ သီချင်းဆိုမယ်ဆိုရင် တော့ သွေးအေးသွားတာမျိုး တော့ မဖြစ်ပါဘူး။ သီချင်း ဆိုရမယ်ဆိုရင် သွေးနွေးဆဲ ပါပဲရှင်” လို့ မီမီဝင်းဖေက ပြောပြခဲ့ပါတယ်။

သတင်း

၊ ဓာတ်ပုံ-မျိုးမောင်

Ads Space Available


Continue reading

ကော့ကရိတ်မြို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးနေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ထောက် ပံ့ပေးသည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်ပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန်ကူညီမည်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ စစ်ရေးပဋိပက္ခများကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်များပြန်လည်ဆောက်လုပ်ရာ၌ ပြည်နယ်အစိုးရအဖွဲ့ကထောက်ပံမည့် ဘိလပ်မြေနှင့် သွပ်များထက်ပိုမိုလိုအပ်လာပါက အစိုးရဈေးနူန်းဖြင့်ဝယ်ယူခွင့်ရရရှိရန်ကူညီပေးသွားမည်ဟု ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်နီနီအောင်၏ပြောကြားချက်အရ သိရသည်။ ကော့ကရိတ်မြို့၊ ရပ်ကွက် ၅၊ ရပ်ကွက် ၆ နှင့် ရပ်ကွက် ၇ တို့ရှိ စစ်ရေးပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သည့်နေအိမ်ပိုင်ရှင်များနှင့် မေ ၄ ရက်နှင့် ယနေ့ မေ ၅ ရက်တို့ကတွေ့ဆုံကာ ပြန်လည်ထူထောင်ရေးအတွက်စတင်မည့်အချက်အလက်များအားအသေးစိတ်အားရှင်း လင်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းအမှန်တကယ်မြေပြင်လက်တွေ့အကောင်အထည်ဖော်ဖို့ ‌မီး လောင်ဆုံးရူံးတဲ့နေအိမ်ပိုင်ရှင်တွေနဲ့တွေ့ဆုံပြီး မီး လောင်ဆုံးရူံးခဲ့ရတဲ့နေအိမ်တွေကို အစိုးရအစီအစဉ်နဲ့ယာဉ်ယန္တားရားတွေနဲ့ဖျက်သိမ်းပေးရမလား မိမိအစီအ...

မော်လူးမြို့ကို စစ်ဆင်ရေးကာလ(၄)ရက်အတွင်း တပ်မတော်မှ အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့

အကြမ်းဖက်အဖွဲ့ဝင်များယာယီထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ မော်လူးမြို့အားပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးကာလ(၄)ရက်အတွင်းဖြစ်သည့် ယ နေ့ မေ ၅ ရက်မွန်းတည့်ပိုင်းတွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ တပ်မတော်က မော်လူးမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန် မေ ၂ ရက်မှစတင်၍ စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက် ယနေ့ မေ ၅ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်အဖွဲ့များထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်‌အဖွဲ့ဝင်များ တရားမဝင်လုပ်ကိုင် နေသည့် ဆီခြံများမှ ဆီပေပါခွံများ၊ ဆီလှောင်ကန်များနှင့် ကားများကိုလည်းသိမ်းဆည်းရမိခဲ့ကာ လက်ရှိအချိန်၌ တပ်မတော်က...

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌ အလင်းဝင်လာသူ(၆)ဦးက ၎င်းတို့ပါလာသည့် လက် နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံကာ တာဝန် ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက် မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘာအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071