Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeNewsLocal Newsဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်...

ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ယနေ့တွင်ပြုလုပ်

(Unicode)

ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ယနေ့တွင်ပြုလုပ်

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ယနေ့ဖေဖော်ဝါရီ ၂၃ရက်တွင် ပြုလုပ်သည်။

မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဖြစ်ပြီး မြန်မာဘက်က ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲမှုများအပေါ် တန်ပြန်လျှောက်လဲမှုကို ၂၅-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို အသေးစိတ်မသိရှိရသေးပေ။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ နစကဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ်လည်းကောင်း ဦးဆောင်ကာတက်ရောက်လျှက်ရှိနေသည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ဖေဖော်ဝါရီ ၂၁ရက်က ပြုလုပ်သည့် ကြားနာပွဲတွင် အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်) လက်ခံကြားနာနိုင်မှု မရှိကြောင်း ကနဦးကန့်ကွက်လွှာ တင်သွင်းခြင်းသည် တရားရုံး၏ တရားစီရင်မှု လုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက်မဟုတ်ဘဲ တရားမျှတမှုကို တော်တည့်မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရုံးတော်ကို လျှောက်လဲထားသည်။

ထို့နေမှာပင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သော Dr. Christopher Staker က ဂမ်ဘီယာနိုင်ငံသည် အိုအိုင်စီ၏ တာဝန်ပေးချက်အရ အိုအိုင်စီကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ အိုအိုင်စီသည် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့်မရှိသဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ပေးထားသည်။

မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သည့် Professor Stefan Talmon ကလည်း ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲခွင့်မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှုမရှိပါက တရားစွဲခွင့် ပေးမထားကြောင်း လျှောက်လဲချက်ပေးထားသည့်အပြင်၊ မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သော Professor Robert Kolb ကပါ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ် (၈)ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင် နိုင်ငံကမဆို ကုလသမဂ္ဂ၏ အဖွဲ့အစည်းများ (အပြည်ပြည်ဆိုင်ရာတရားရုံး အပါအဝင်) သို့ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန်မလိုကြောင်း လျှောက်လဲချက်ကိုပေးထားသည်။

ယင်းနောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သော၊ Dr. Christopher Staker က ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ အာတီကယ် (၉)အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင်နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း စသည်ဖြင့် လျှောက်လဲချက်များအား တရားရုံးသို့ တင်သွင်းထားကြပြီးဖြစ်သည်။

ယင်းအချက်များအား ဂမ်ဘီယာနိုင်ငံက တန်ပြန်လျှောက်လဲမှုကို ယနေ့ ဖေဖော်ဝါရီ ၂၃ရက်တွင်ပြုလုပ်နေခြင်းဖြစ်သည်။

(Zawgyi)

ဂမ္ဘီယာႏိုင္ငံက ပထမအႀကိမ္ ႏႈတ္ျဖင့္ ေလွ်ာက္လဲမႈကို ယေန႔တြင္ျပဳလုပ္

ဂမ္ဘီယာႏိုင္ငံသည္ ျမန္မာႏိုင္ငံကို အျပည္ျပည္ဆိုင္ရာတရား႐ုံး (ICJ)၌ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ (Convention on the Prevention and Punishment of the Crime of Genocide)ကို က်ဴးလြန္ေဖာက္ဖ်က္သည္ဟု စြပ္စြဲခ်က္ျဖင့္ တရားစြဲဆိုထားျခင္းႏွင့္ ပတ္သက္၍ပထမအႀကိမ္ ႏႈတ္ျဖင့္ ေလွ်ာက္လဲမႈကို ယေန႔ေဖေဖာ္ဝါရီ ၂၃ရက္တြင္ ျပဳလုပ္သည္။

ျမန္မာႏိုင္ငံက တင္သြင္းခဲ့ေသာ ကနဦးကန႔္ကြက္လႊာႏွင့္ ပတ္သက္သည့္ ၾကားနာမႈကို နယ္သာလန္ႏိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔က ျပဳလုပ္ခဲ့ၿပီး ျဖစ္ၿပီး ျမန္မာဘက္က ဂမ္ဘီယာႏိုင္ငံ၏ ေလွ်ာက္လဲမႈမ်ားအေပၚ တန္ျပန္ေလွ်ာက္လဲမႈကို ၂၅-၂-၂၀၂၂ ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္သည္။

ဂမ္ဘီယာႏိုင္ငံ၏ ပထမအႀကိမ္ ႏႈတ္ျဖင့္ ေလွ်ာက္လဲမႈကို အေသးစိတ္မသိရွိရေသးေပ။

နယ္သာလန္ႏိုင္ငံ၊ သည္ဟိဂ္ၿမိဳ႕တြင္ ကနဦးကန႔္ကြက္လႊာဆိုင္ရာ ၾကားနာပြဲသို႔ နစကဘက္က အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္က ကိုယ္စားလွယ္ (Agent) အျဖစ္လည္းေကာင္း၊ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက အလွည့္က်ကိုယ္စားလွယ္ (Alternate Agent) အျဖစ္လည္းေကာင္း ဦးေဆာင္ကာတက္ေရာက္လွ်က္ရွိေနသည္။

ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္က ေဖေဖာ္ဝါရီ ၂၁ရက္က ျပဳလုပ္သည့္ ၾကားနာပြဲတြင္ အဓိကအားျဖင့္ ျမန္မာႏိုင္ငံအေနျဖင့္ ယခုကဲ့သို႔ တရား႐ုံးက ဤအမႈကို စီရင္ပိုင္ခြင့္မရွိေၾကာင္း (သို႔မဟုတ္) လက္ခံၾကားနာႏိုင္မႈ မရွိေၾကာင္း ကနဦးကန႔္ကြက္လႊာ တင္သြင္းျခင္းသည္ တရား႐ုံး၏ တရားစီရင္မႈ လုပ္ထုံးလုပ္နည္းမ်ားအေပၚ ဆင္ေျခေပးကန႔္သတ္ရန္အတြက္မဟုတ္ဘဲ တရားမွ်တမႈကို ေတာ္တည့္မွန္ကန္စြာ ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ႐ုံးေတာ္ကို ေလွ်ာက္လဲထားသည္။

ထို႔ေနမွာပင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာေရွ႕ေနျဖစ္ေသာ Dr. Christopher Staker က ဂမ္ဘီယာႏိုင္ငံသည္ အိုအိုင္စီ၏ တာဝန္ေပးခ်က္အရ အိုအိုင္စီကိုယ္စား တရားစြဲေပးျခင္းျဖစ္၍ ယခုအမႈကို တရား႐ုံးက လက္မခံသင့္ေၾကာင္း၊ အိုအိုင္စီသည္ ႏိုင္ငံတကာ အဖြဲ႕အစည္းတစ္ခုျဖစ္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံး၏ ဥပေဒအရ အျငင္းပြားမႈ တင္သြင္းခြင့္မရွိသျဖင့္ ကန႔္ကြက္ေၾကာင္း ေလွ်ာက္လဲခ်က္ေပးထားသည္။

ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာေရွ႕ေနျဖစ္သည့္ Professor Stefan Talmon ကလည္း ဂမ္ဘီယာႏိုင္ငံသည္ နစ္နာသူႏိုင္ငံမဟုတ္၍ တရားစြဲခြင့္မရွိေၾကာင္း၊ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္က အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ ၎တို႔အေပၚ ထိခိုက္မႈမရွိပါက တရားစြဲခြင့္ ေပးမထားေၾကာင္း ေလွ်ာက္လဲခ်က္ေပးထားသည့္အျပင္၊ ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာေရွ႕ေနျဖစ္ေသာ Professor Robert Kolb ကပါ ျမန္မာႏိုင္ငံသည္ ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာသေဘာတူစာခ်ဳပ္၏ အာတီကယ္ (၈)ကို ႁခြင္းခ်က္ျပဳလုပ္ထား၍ မည္သည့္စာခ်ဳပ္ဝင္ ႏိုင္ငံကမဆို ကုလသမဂၢ၏ အဖြဲ႕အစည္းမ်ား (အျပည္ျပည္ဆိုင္ရာတရား႐ုံး အပါအဝင္) သို႔ စာခ်ဳပ္ဝင္ ႏိုင္ငံတစ္ႏိုင္ငံအား အေရးယူေဆာင္႐ြက္ရန္ ေတာင္းဆိုမႈကို လိုက္နာရန္မလိုေၾကာင္း ေလွ်ာက္လဲခ်က္ကိုေပးထားသည္။

ယင္းေနာက္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ႏိုင္ငံတကာေရွ႕ေနျဖစ္ေသာ၊ Dr. Christopher Staker က ၁၉၄၈ ခုႏွစ္ လူမ်ိဳးသုဥ္းေစမႈကို တားဆီးရန္ႏွင့္ ျပစ္ဒဏ္ေပးရန္ ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္၏ အာတီကယ္ (၉)အရ တရား႐ုံးသို႔ အမႈတင္သြင္းရန္ အဖြဲ႕ဝင္ႏွစ္ႏိုင္ငံအၾကား ဥပေဒေၾကာင္းအရ အျငင္းပြားမႈရွိရန္ လိုအပ္ေၾကာင္း၊ ဂမ္ဘီယာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအၾကား ဥပေဒေၾကာင္းအရ အျငင္းပြားမႈ လုံးဝမရွိေၾကာင္း စသည္ျဖင့္ ေလွ်ာက္လဲခ်က္မ်ားအား တရား႐ုံးသို႔ တင္သြင္းထားၾကၿပီးျဖစ္သည္။

ယင္းအခ်က္မ်ားအား ဂမ္ဘီယာႏိုင္ငံက တန္ျပန္ေလွ်ာက္လဲမႈကို ယေန႔ ေဖေဖာ္ဝါရီ ၂၃ရက္တြင္ျပဳလုပ္ေနျခင္းျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071