Home News Local News ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂ တန် ပထမဆုံးအကြိမ် တင်ပို့

ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့နာနတ်သီး ၄.၃၂ တန် ပထမဆုံးအကြိမ် တင်ပို့

0
80

ချင်းရွှေဟော်၊ ဩဂုတ်-၇

​တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီး ၄.၃၂ တန်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခဲ့ကြောင်း ယူနန်အခြေစိုက်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

​မြန်မာ့နာနတ်သီးများကို ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ပထမဆုံးအကြိမ် တင်ပို့ခြင်းဖြစ်ပြီး ဇူလိုင် ၂၆ ရက်တွင် နာနတ်သီးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်ကို အကောက်ခွန်ရှင်းလင်းရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

​အပူပိုင်းဒေသထွက် သစ်သီးများသည် လတ်ဆတ်မှုသက်တမ်း တိုတောင်းပြီး မိုးရာသီတွင် နယ်စပ်ဂိတ်သို့ သွားရောက်သည့် လမ်းခရီး အခြေအနေအမျိုးမျိုး ပြောင်းလဲတတ်သည့်အတွက် အကောက်ခွန်ရှင်းလင်းရေး အချိန်မီဆောင်ရွက်နိုင်ရန် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း မွန်တင့်အကောက်ခွန်ရုံးက ဆိုသည်။

​၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် သစ်သီးဝလံတင်သွင်းရေး သတ်မှတ်စစ်ဆေးရေးနေရာ စတင်အသုံးပြုခဲ့ပြီးနောက် မွန်တင့်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ တင်ပို့သည့် ပစ္စည်းအမျိုးအစားများကို ဆက်လက်တိုးချဲ့လျက်ရှိသည်။

​ဇူလိုင် ၂၆ ရက်အထိ အဆိုပါ နယ်စပ်ဂိတ်မှတစ်ဆင့် သစ်သီးအသုတ် ၅၆ သုတ်၊ စုစုပေါင်း အလေးချိန် ၁,၄၀၇.၅ တန် တင်သွင်းပြီးဖြစ်ကြောင်း မွန်တင့်အကောက်ခွန်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here