Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeCelebrities' Newsချစ်သူသက်တမ်း ၂ နှစ်မှာ...

ချစ်သူသက်တမ်း ၂ နှစ်မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတဲ့ မောင်ကောင်းမြတ်ဆက် နဲ့ အဆိုတော် စုချစ်ဇော်

မောင်ကောင်းမြတ်ဆက်နဲ့ အဆိုတော် စုချစ်ဇော်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ လ ၂၆ ရက်နေ့ မနက် ၉နာရီက Melia Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီမင်္ဂလာ အခမ်းအနားမှာတော့ မင်္ဂလာ မောင်နှံစုံတို့အတွက် အသိသက်သေများအဖြစ် ဗိုလ်မှူး ချုပ် သူရမြင့်သိန်း (ငြိမ်း) နှင့်ဇနီး ဒေါ်ကြည်ဌေး၊ အဆိုတော် R ဇာနည်နဲ့ ဇနီးဝမ်းတို့က ဆောင်ရွက်ခဲ့ကြပြီး ရန်ကုန် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးရဲ့ ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ချစ်သူသက်တမ်း ၂ နှစ် မပြည့်ခင်မှာ လက်ထပ်ခွင့် တောင်းခဲ့တဲ့ ချစ်သူအကြောင်း ကို စုချစ်ဇော်က “ချစ်သူ သက်တမ်းက ၂ နှစ် ပြည့်ပါ တော့မယ်။ ၂ နှစ်မပြည့် ခင်လေးမှာပဲ သူကညီမကို လက်ထပ်ခွင့် တောင်းလိုက်တာပါ။ သူက စင်ကာပူမှာ အလုပ်လုပ်တယ်။ ညီမက စင်ကာပူကို အလည်လာရင်း စခင်သွားကြပါတယ်။ နောက်ပိုင်း ရည်းစားတွေ ဖြစ်သွားတော့ လည်း သူက စုချစ်ရဲ့ အဝေးမှာဆိုတော့ နားလည်မှု၊ ယုံကြည်မှုတွေ တည်ဆောက် ရတယ်။ သူကအဝေးမှာ အလုပ်လုပ်တော့ သူ့နေထိုင်မှု ပုံစံမှာ ဖျားနာမှာ စိုးရိမ်ပူပန် တာ ကလွဲလို့ သူ့အပေါ်မှာ ယုံကြည်မှု ရှိပါတယ်။ သူ့ကိုလည်း သူငယ်ချင်းတွေနဲ့ Night Out ထွက်တယ်ကအစ ခွင့်ပြုပေး တယ်။

အဝေးမှာဆိုတော့ ဖုန်းနဲ့ပဲ Video Call ခေါ်တယ်။ သူကလည်း စုချစ်စိတ်ချနိုင် အောင် နေတယ်။ ဒီအတွက်ပဲ စုချစ်သူ့ကို လက်ခံလိုက်တာပါ” လို့ ပြောပြပါတယ်။ မောင်ကောင်းမြတ်ဆက်နဲ့ စုချစ်ဇော် တို့ရဲ့ မင်္ဂလာဦး ဆွမ်းကျွေးကိုတော့ အောက် တိုဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့မှာ စုလျား ရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကို ပြုလုပ်ခဲ့ပါ တယ်။ မင်္ဂလာ ညစာစားပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စင်ကာပူနိုင်ငံမှာ ပြုလုပ်သွားဦး မယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071