တင်ဇာမိုးဝင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုဖြိုးဝေလှိုင်က ဂျပန်နိုင်ငံမှာ အလုပ်လုပ် ကိုင်လျက် ရှိပြီး ဇွန်လမှာတော့ ပြန် လည်ရောက် ရှိမှာ ဖြစ်ပါတယ်။ သူတို့နှစ် ယောက် အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အိမ်ထောင်ရေး ကို တည်ဆောက် ထားကြတာလည်း ဖြစ်ပါတယ်။
“သူလည်း ပြန်လာချင်တာပေါ့။ အစ်မလည်း အတူတူနေချင်တာပေါ့။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ နဲ့ပဲပေါ့။ ဒီတစ်နှစ် ကတော့ အစ်မလည်း ပြောထားပြီးသားပါ။ ဒီတစ်နှစ်က မိသားစုနဲ့ အတူတူနေမယ်။ အနုပညာအလုပ်တွေလုပ်မယ် ဆိုတော့ သူက လည်း နားလည် ပေးပါတယ်။ အဓိကတော့ အစ်မထက် သူကပိုပြီးတော့ နားလည်ပေးတယ်။ ဒီအတွက်လည်း သူ့ကို ကျေးဇူး တင်ရတယ်” လို့ ခင်ပွန်းဖြစ်သူနဲ့ပတ်သက်ပြီး တင်ဇာမိုးဝင်းက ပြောပါတယ်။
တင်ဇာမိုးဝင်းတို့ ဇနီးမောင်နှံက နောက်ပိုင်းမှာတော့ အပြင် စီးပွားရေး တစ်ခုကို လုပ်ဆောင် သွားမှာဖြစ်ပြီး စီးပွားရေး နဲ့ ပတ်သက်ပြီး မိသားစုနဲ့ တိုင် ပင်လုပ်ဆောင် သွားမှာဖြစ်ကြောင်း၊ စီးပွားရေး လုပ်ဖြစ်တဲ့အခါမှာလည်း စံပြသဘင် မှာတော့ ရှိနေမှာဖြစ်တယ် လို့ သူက ပြောပါတယ်။
“အစ်မကတော့ သွားလိုက်လာလိုက် လုပ်နေမှာပဲလေ။ လုံးလုံးကြီး ဖြတ် ထားမှာ မျိုးတော့ မဟုတ်ဘူး။ အစ်မတို့ အနေနဲ့ တခြား စီးပွားရေး လုပ်ငန်း တစ်ခု ဆိုတာကလည်း လိုလာပြီလေ။ သူကတော့ ရန်ကုန်မှာ အထိုင်ချပြီးတစ်ခုခု လုပ် နေမယ်။ အစ်မ ကတော့ မောင်တွေ နဲ့လိုက်သွားလိုက် ပြန်လာလိုက် လုပ်နေမယ်။ အစ်မ ဒီအနုပညာကို ဖြတ်တော့ မဖြတ်ပါဘူး။ စံပြသဘင် နဲ့တော့ ခွဲခွာသွားမှာ မဟုတ်ဘူး။ စံပြသဘင် အတွက် Suporting အနေ နဲ့ကော၊ မန်နေဂျာ ပုံစံမျိုးနဲ့ကော ရှိနေမယ်။ ပွဲတွေနဲ့ ပတ်သက်ပြီး စီစဉ်တဲ့သူတွေ အဖြစ်နဲ့ အစ်မတို့က ရှိနေမှာပဲ”လို့ တင်ဇာမိုးဝင်းက ပြောပါတယ်။
တင်ဇာမိုးဝင်းတို့က ရင်သွေး ရရင်လည်း မွေးဖွား ရယူသွားမှာဖြစ်ပြီး ရင်သွေး ဆိုတာ ကတော့ ရတနာပဲဖြစ်သလို ဘုရားပေးတဲ့ အတိုင်းပဲဖြစ်တာကြောင့် ဘယ်အချိန်မှာ သန္ဓေတည် မွေးဖွားရလာမလဲ ဆိုတာကတော့ ပြောလို့ မရကြောင်း သူကမိသားစု Plan နဲ့ ပတ်သက်လို့ ပြောပြပါတယ်။
လင်းအက္ခရာ
