Thursday, June 25, 2026

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...
HomeCelebrities' Newsခက်ခဲလေ အလုပ်လုပ်ရတာကို ပို...

ခက်ခဲလေ အလုပ်လုပ်ရတာကို ပိုေ ပျာ်ေ လ ပဲ ပိုင်ဖြိုးသု

paing-phyo-thu-1

သရုပ်ဆောင်တဲ့အခါမှာ ခက်ခက်ခဲခဲလုပ်ရတာကို ပိုသဘော ကျတယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုက ဂေါ်ရင်ဂျီကျွန်းမှာ “လေးပါးကျော့ရှိန် ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကို ခက်ခက်ခဲခဲနဲ့ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။

” အမှန်အတိုင်းပြောရရင် ဂေါ်ရင်ဂျီကျွန်းထိလိုမျိုးနေရာမျိုးတွေ သွားရောက်ရိုက်ကူးရတာ ပိုတောင်ကြိုက်သေးတယ်။ သုက အိုက် တင်ကလည်း လုပ်ရမယ်။ ခက်ခက်ခဲခဲနေရာတွေမှာ သွားရောက် ရိုက်ကူးရရင် ပိုပျော်တယ်။ အဲဒီတော့မှကိုယ့်စိတ်ထဲမှာ ရုပ်ရှင် ဇာတ်ကားကြီးအတွက် ပိုပြီး ဝီရိယစိုက်ထုတ်လိုက်ရတယ်လို့ ခံစားမိတယ်။ ခက်ခဲလေ အလုပ်လုပ် ရတာကို ပိုပျော်လေပဲ။ ဇာတ်ကား တစ်ကားမှာ ပင်ပင်ပန်းပန်း သရုပ် ဆောင်လိုက်ရမှ ကိုယ့်ကိုယ်ကိုယ် အိုက်တင်လုပ်လိုက်ရတယ်လို့ ခံစားရတယ်။ အဲဒါ ဆိုက်ကိုလိုပဲ။ အေးအေးဆေးဆေးလေး၊ လှလှပပ လေးဝတ်ပြီး ရိုးရိုးအိုက်တင်လုပ်ရရင် ဒီဇာတ်ကားမှာ ငါအိုက် တင် မလုပ်လိုက်ရဘူးလို့ ခံစားရတယ်။ တစ်ကားလုံး ဒရာမာ မဟုတ်ရင်တော့ ကိုယ့်အတွက်လုပ်ကွက်ရမယ့် ဇာတ်ကားတွေကို ရိုက်ကူးရတာ ပိုကြိုက်တယ်” လို့ ပြောပါတယ်။

အနုပညာပျိုးခင်းနဲ့ လက်တွဲလိုက်ပြီးတော့ ပရိသတ်အားပေးမှု တွေ ပိုရလာတဲ့ ပိုင်ဖြိုးသုက ရှေ့ဆက်ပြီးတော့လည်း ပရိသတ်အသိ အမှတ်ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် ကြိုးစားသွား မှာဖြစ်ကြောင်းကိုလည်း ” ဒီနှစ်ထဲမှာ မနှစ်ကထက်စာရင် အခွင့်အရေးတွေ အများကြီးရလာတယ်။ အခွင့်အရေးပေးလာတဲ့ သူတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သုကလည်း ပေးလာတဲ့ အခွင့်အရေးတိုင်းမှာ ကိုယ်ဥာဏ်စွမ်း ရှိသလောက် အမြဲတမ်းကြိုးစား ပါတယ်။ ရှေ့ဆက်ပြီးလည်း ရိုက်ကူးဖို့ပြော ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိတယ်။ မတူတဲ့ ဇာတ်ရုပ်လေး တွေ လုပ်ခွင့်ရတဲ့အတွက် သုဘက်က တာဝန်ကျေအောင် အ တတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ပရိသတ်တွေက အသိမှတ် ပြုတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးစားသွားပါမယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071