Sunday, April 26, 2026

ပိုမိုနီးကပ်စွာပူး‌ပေါင်း ဆောင်ရွက်ရန် တရုတ်နှင့် ထိုင်း...

ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် နှစ်ဖက်စလုံးက ၎င်းတို့၏ ရေရှည်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်ကြိုးပမ်းနေချိန်တွင် ကဏ္ဍများစွာ၌ အဆင့်မြင့်အရာရှိအဆင့် ဖလှယ်မှုများကို တိုးချဲ့ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဘန်ကောက်ဆွေးနွေးမှုများအတွင်း...

ဆွစ်လေယာဉ်စက်ချို့ယွင်း၍ ခရီးသည် ခြောက်ဦး ဒ-ဏ်ရာရ

တနင်္ဂနွေနေ့အစောပိုင်းက ဒေလီမှ ဇူးရစ်သို့ ပျံသန်းသော ဆွစ်လေကြောင်းလိုင်း လေယာဉ်တစ်စင်းသည် အင်ဒီရာဂန္ဒီနိုင်ငံတကာလေဆိပ်၏ ပြေးလမ်းပေါ်မှ အတက်တွင် စက်ချို့ယွင်းသဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ခရီးသည်ခြောက်ဦးကို...

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို...

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မေလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှု...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့်...
HomeCelebrities' Newsကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူ ရေမွန်ကို အိပ်မက်မက်ခဲ့တဲ့ အဆိုတော် ခင်မြတ်မွန်

ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူ ရေမွန်ကို အိပ်မက်မက်ခဲ့တဲ့ အဆိုတော် ခင်မြတ်မွန်

ကွယ်လွန်သွားခဲ့တဲ့ သားဖြစ်သူရေမွန်ကို အိပ်မက်မက်ခဲ့တဲ့ အဆိုတော်ခင်မြတ်မွန်

အဆိုတော်ခင်မြတ်မွန်ဟာ ကွယ်လွန်သွားခဲ့တဲ့ သူမရဲ့သားအဆိုတော်ရေမွန်ကို အိပ်မက်မက်ခဲ့တဲ့အကြောင်းကို စိတ်မကောင်းဖြစ်စွာနဲ့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ တွတ်ပီဆုံးသွားပြီးတဲ့နောက်
သူ အမေ့ကိုအိပ်မက်ပေးတာ
နှစ်ကြိမ်ဘဲရှိသေးတယ်.
တစ်ကြိမ်ကသူဆုံးတာ ၃လပြည့်ဖို့တစ်ရက်အလို..
သူ့ပါးကိုနမ်းနေတဲ့တက်တူးပုံ‌လေး အိပ်မက်ထဲမှာ
ဝမ်းသာအားရပြလိုက်တယ်.
သူကတော့မျက်နှာမကောင်းဘူး.နွမ်းဖတ်ဖတ်နဲ့
အဝတ်အစားလဲ ဟိုမှာ
နေတုန်းဝတ်ခဲ့သလို ခပ်နွမ်းနွမ်း.ပေတူးတူး
အမေကိုခေါင်းငြိမ့်ပြတယ်.
ဒီနေ့..သူ့ရဲ့သေခြင်းတရားရှိရာဆီ
အမေ့ကိုခွင့်တောင်းပြီး တက်ရောက်
သွားတာ ၆လပြည့်ပြီ.
ဒီမနက်စောစော သူ့ကိုအိပ်မက်မက်တယ်.
ဘောလုံးကွင်းလိုကွင်းပြင်ကြီးမှာ
သူ့ Show ပွဲ..
ချန်ခဲ့…သီချင်း Intro တီးသံကြားတော့
သူ့ဆီအပြေးသွား.နံမည်အကျယ်ကြီးအော်ခေါ်ပြီး
ဖက်ငိုတော့ သူကအမေကိုပြန်ဖက်ထား
တယ်.မျက်နှာကလဲ မှုန်ရီရီ
Show ပွဲမို့ ဝတ်ကောင်းစားလှနဲ့..
ပြီးတော့သူ..ချန်ခဲ့စဆိုတော့
သူ့ညီမနဲ့နောက်တစ်ယောက်က
ဟာမိုနီလိုက်ပေးတာကြားနေရတယ်.
ကိုယ် လှည့်ထွက်ရင်းစဉ်းစားနေတာ
သူဆုံးသွားပြီးပြီ.သူဘယ်လိုလုပ်ပြီး
လာဆိုတာလဲ..လို့
မနက်နိုးတော့ သူ့အကြောင်းတွေးရင်း
အဖြစ်အပျက်တွေဟာ အချိန်ပိုင်း
ရက်ပိုင်းမှာ အလျင်အမြန်
ပြောင်းလဲလိုက်တာများ..
အံ့ဩစရာ.ကြောက်စရာ..
အချိန်တွေနောက်ပြန်လှည့်လို့ရရင်
သိပ်ကောင်းမှာဘဲ.
ဒါမှမဟုတ်
ဖြစ်ပျက်ခဲ့တာတွေ အိပ်မက်သာ
ဖြစ်မယ်ဆို ဘယ်‌လောက်သာယာ
လိုက်မလဲ..?
လွမ်းလွန်းလို့ ထိမ်းချုပ်ထားတဲ့ကြားက
ဒီနေ့ ငိုမိလိုက်ပြီ.
‌ခ‌လေးလေး ဘယ်ဆီရောက်နေပြီလဲ..?
အဆင်ရော ပြေရဲ့လား..?
အမေ့ကိုရောသတိမှရသေးရဲ့လား..?” လို့ရေးသားထားပါတယ်။”

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071