Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalကွန်ဆာဗေးတစ်များနိုင်၍ဂျာမနီအတွက်ရက်ကောင်းရက်မြတ်ဖြစ်--ထရမ့်ပ်

ကွန်ဆာဗေးတစ်များနိုင်၍ဂျာမနီအတွက်ရက်ကောင်းရက်မြတ်ဖြစ်–ထရမ့်ပ်

ဂျာမနီနိုင်ငံ ရွေးကောက်ပွဲတွင် ဗဟိုလက်ယာယိမ်း အတိုက်အခံပါတီက ပထမနေရာနှင့် လက်ယာစွန်း AfD ပါတီက ဒုတိယနေရာမှ အနိုင်ရခဲ့၍ ဂျာမနီနိုင်ငံအတွက် ရက်ကောင်းရက်မြတ်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ချီးကျူးလိုက်သည်။

တနင်္ဂနွေနေ့တွင် ထွက်ပေါ်ခဲ့သော မဲရလဒ်များအရ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်မဟာမိတ်အဖွဲ့က အနိုင်ရခဲ့ပြီး Friedrich Merz သည် နောက်တက်မည့် ဂျာမနီ ဝန်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်သည် နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို သိသာထင်ရှားသော အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ မဟာမိတ် ဘီလျံနာ အီလွန်မတ်စ်၏ ထောက်ခံမှုကို ရရှိခဲ့သည့် လက်ယာစွန်း Alternative for Germany(AfD) သည် စံချိန်တင် မဲအရေအတွက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရွေးကောက်ပွဲရလဒ်ကို ကြိုဆိုခဲ့ပြီး ဂျာမနီပြည်သူများသည် Olaf Scholz ဦးဆောင်သော ဗဟိုလက်ဝဲအစိုးရ၏ အသိတရားကင်းမဲ့သော မူဝါဒများကို ငြင်းပယ်ခဲ့ကြသည်ဟု ပြောဆိုသွားသည်။

“အမေရိကမှာလိုပဲ ဂျာမနီပြည်သူတွေဟာ အထူးသဖြင့် စွမ်းအင်နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမှာ နှစ်ပေါင်းများစွာ အပ်ကြောင်းထပ်နေတဲ့ အသိညဏ်နုံနဲတဲ့ အစီအစဉ်တွေကို ငြီးငွေ့လာပါပြီ။ ဒါက ဂျာမနီအတွက် ရက်ကောင်းရက်မြတ်တစ်ခုပါ” ဟု ထရမ့်ပ်က Truth ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင် အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်သော Merz က ဥရောပကို အမေရိကထံမှ လွတ်လပ်ရေးအစစ်အမှန်ရရှိရေး ကို ကူညီသွားမည်ဟု ကတိပြုခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်ကို ထရမ့်ပ်က ကြိုဆိုသော်ငြားလည်း Merz သည် အနိုင်ရခဲ့အပြီး၌ အမေရိအပေါ် ပြတ်သား သော မှတ်ချက်များပေးခဲ့ကာ ရွေးကောက်ပွဲကာလအတွင်း ဝါရှင်တန်ထံမှ ထွက်ပေါ်ခဲ့သော ဒေါသထွက်စရာဖြစ်ရပ်များကို ရုရှား၏ ရန်လိုသော ကြားဝင်စွက်ဖက်မှုများနှင့် နှိုင်းယှဉ်ဝေဖန်သွားခဲ့သည်။

Ref: ယူအက်စ်နူးစ်၊ အင်န်ဒီတီဗီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071