ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆေးရိုးတန်းနှင့် ငြိမ်းချမ်းရေးရပ်ကွက်၊ ကမ်းနားလမ်းနှင့် ပျဉ်းမပင်လမ်းထောင့်ရှိ Yangon River View Condo basement ကားပါကင်တွင် ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီ ၂၀ မိ နစ်ကျော်ခန့်ကရေဝင်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေစုပ်စက်များဖြင့် ရေစုပ်ထုတ်ကာကူညီပေးလျက်ရှိကြောင်း သိရသည်။
