Friday, July 24, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂...

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း ...

တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊...

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ...

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏...

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka...
HomeMoviesကျွန်းလှမြို့နယ်တွင် မိုးစပါးအထွက်နှုန်းမြှင့်တင်ရေး စံပြကွက်စိုက်ပျိုးမှု...

ကျွန်းလှမြို့နယ်တွင် မိုးစပါးအထွက်နှုန်းမြှင့်တင်ရေး စံပြကွက်စိုက်ပျိုးမှု ကွင်းသရုပ်ပြပြုလုပ်

ကျွန်းလှ၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တပ်ကုန်းကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြကို တပ်ကုန်းကျေးရွာ ကွင်းအမှတ် (၄၉၅) ရှိ တောင်သူ ဦးမင်းနိုင်၏ (၃) ဧက လယ်မြေတွင် ပြုလုပ်ခဲ့ပြီး ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကြိုးတန်း (၁၀) တန်း တစ်တန်းလှပ်စိုက်နည်းကို အသုံးပြုပါက တစ်ဧကလျှင် ကောက်ကွက် (၁.၂) သိန်းမှ (၁.၅) သိန်းအထိ ဝင်ဆံ့နိုင်ပြီး လေဝင်လေထွက်ကောင်းမွန်သည့်အပြင် ပေါင်းထိုးတမန်းနှိုးလုပ်ငန်းများကိုလည်း လွယ်ကူစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် သိပ္ပံနည်းကျ စိုက်ပျိုးရေးနည်းစနစ်များကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ပါက တစ်ဧကလျှင် စပါးတင်း (၁၀၀) အထက်အထိ အထွက်နှုန်းရရှိနိုင်ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။

ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကာ မိုးစပါးစံပြကွက် စိုက်ပျိုးဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။

ကျွန်းလှမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုသည့် ဒေသဖြစ်ပြီး စပါးအပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယင်းကဲ့သို့ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းဖြင့် တောင်သူများ၏ အထွက်နှုန်းတိုးမြင့်လာကာ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၂.၇၂ သန်းကျော် ထုတ်ရောင်း

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း  ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကိုလည်း CMP ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ယင်းအပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်းနှင့် စက်သုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်း ဖြင့် အများဆုံးပါဝင်ခဲ့သည်။ ယင်းနောက် Non Trade Transaction များနှင့်အခြားကုန်ပစ္စည်းများက (၁၃...

တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြေထိန်းနံရံပြိုကျ

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၂၄ ရက်နံနက် ၈ နာရီခွဲခန့်တွင် မြေထိန်းနံရံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊ လွန်းနဲလ်လမ်းတွင် မြေထိန်းနံရံပြိုကျခဲ့သဖြင့် တီးတိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ပြိုကျနေသည့်မြေသားများကိုဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဆက်လက်ပြိုကျနိုင်ရန်အလားအလာရှိသော နေရာများ၊ အန္တရာယ်ရှိသော ကျောက်တုံးများကိုလည်း ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် မလေးရှားပွဲစဉ် မနက်ဖန်(ဇူလိုင် ၂၅ ရက်) ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အုပ်စုအဆင့် ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် စတင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ ဘောလုံးဝါသနာရှင် ပြည်သူများ ကြည့်ရှုနိုင်ရေးအတွက် ပွဲစဉ်ကျင်းပမည့် ဇူလိုင်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071