ရန်ကုန်၊ ဇူလိုင် ၂၄
မြန်မာနိုင်ငံဗဟိုဘဏ်သည် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၇၂၁,၆၀၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ၁၇,၄၅၀ ကိုလည်း CMP ကုမ္ပဏီများထံသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအရ စားသုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်းနှင့် စက်သုံးဆီကဏ္ဍမှ ၂၆ ရာခိုင်နှုန်း ဖြင့် အများဆုံးပါဝင်ခဲ့သည်။
ယင်းနောက် Non Trade Transaction များနှင့်အခြားကုန်ပစ္စည်းများက (၁၃ ရာခိုင်နှုန်း)၊ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းများက (၇ ရာခိုင်နှုန်း)၊ ဓာတ်မြေဩဇာက (၇ ရာခိုင်နှုန်း)၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းများက (၆ ရာခိုင်နှုန်း)၊ တိရစ္ဆာန်အစာက (၅ ရာခိုင်နှုန်း)၊ စက်မှုကုန်ကြမ်းနှင့် စာရေးကိရိယာကဏ္ဍတို့မှ (၄ ရာခိုင်နှုန်း) စီ၊ ထုတ်ပိုးမှုပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍတို့မှ (၁ ရာခိုင်နှုန်း) စီအသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။