နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သည် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ၊ မြို့ရှောင်လမ်း ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့ နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ရှောင်လမ်းကို နစကအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နစက ဥက္ကဋ္ဌက မြို့ရှောင်လမ်း ကမ္မည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး စုပေါင်းဓာတ်ပုံရိုက်ခြင်း၊ ပန်းပွါးအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ကျိုင်းတုံ မြိူ့ရှောင်လမ်းသည် အကျယ် (၂၃) ပေ၊ လမ်းအရှည် (၆) မိုင် ကတ္တာရာ/ကွန်ကရစ် အမျိုးအစားဖြစ်ပြီး ကျိုင်းတုံမြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးနှင့် ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့အဆင်ပြေစေရန် ရည်ရွယ်ကာ ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ခြင်းကြောင်း နစက သတင်းထုတ်ပြန်ရေးမှ တဆင့် သိရသည်။



