Saturday, May 9, 2026

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း...

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန်...

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက...

ကမ္ဘာ့အဖိုးတန်ဆုံး မြန်မာ့ပတ္တမြား – သမိုင်းအစဉ်အလာနှင့်...

"ပတ္တမြားမြေ" ဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ ထွက်ရှိသော ပတ္တမြားများသည် ကမ္ဘာ့ကျောက်မျက်ရတနာစျေးကွက်တွင် ယနေ့တိုင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ မြန်မာ့ပတ္တမြား သမိုင်းကြောင်းနှင့် ဂုဏ်သတင်း မြန်မာ့ပတ္တမြားသည်...
HomeNewsLocal Newsကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်...

ကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော် ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပူအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ (၁၄)ရက် နံနက်(၉) နာရီအချိန်၌ ဒုတိယ ရက်မြောက်အဖြင့်
စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ (၁၃)ရက်၌ စတင်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ ဒေါင်ဒင်အင်းအနီးကျေးရွာများဖြစ်သည့် ငပူအင်း၊ ကော့စပ်၊ ကျုံကွယ်စသည့်ကျေးရွာများအပြင် ကျိုက်မရော၊ မုဒုံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ဒေသခံများ လာရောက်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ယခုနှစ်ကျင်းပပြုလုပ်သည့် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်တွင် ကရင်ရိုးရာဒုံးယိမ်းအကများ၊ ကရင်ရိုးရာမုန့်များ ကျွေးမွေးခြင်းအစီအစဉ်များထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကျင်းပမည့်ရက်ကို ယခုနှစ်အတွက် တပို့တွဲလဆုတ် (၉)ရက်နေ့ အား သတ်မှတ်ပေးခဲ့ပြီး၊ အင်းရေခမ်းခြောက်သည့် တန်ခူးလအထိ ငါးဖမ်းကြသူများလည်းရှိကြောင်း သိရသည်။

ထိုပွဲတော်ကျင်းပရခြင်းသည် ဒေသတွင်းရိုးရာအစဉ်အလာဓလေ့ထုံးစံအရ နတ်စာကျွေးပူဇော်ပသသည့် ပွဲတော်တစ်ခုဖြစ်ကာ၊ ရှေးလူကြီးများ၏ အဆိုအရ ဒေါင် ဒင်အင်းနေရာ၌ နန်းတော်တစ်ခုတည်ရှိခဲ့ပြီး ယင်းမြို့အား အုပ်ချုပ်ခဲ့သည့် ဘုရင်နှင့် မြို့သူမြို့သားတို့မှာ ဘာသာရေးအယူလွှဲ၍ ရဟန္တာတစ်ပါးအားစော်ကားမိရာမှ ယင်းအရပ်၌ ရေလွှမ်းမိုးကာ ငါးများဘဝသို့ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ- Kyaw Photography

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးရှိ သုသာန်များတွင် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်

မန္တလေးမြို့ရှိ သုသာန်များတွင် စက်သုံးဆီအခက်အခဲများကြောင့် မီးသင်္ဂြိုဟ်ခ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ထိုသို့တိုးမြှင့်ကောက်ခံမှုသည် ယနေ့ (မေ ၉) တွင် စတင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သိရသည်။ ယခင်က သတ်မှတ်ဈေး လူကြီး ၁၂,၀၀ဝ ကျပ်မှ ၂၄,၀၀၀ ကျပ်၊ ကလေး ကျပ် ၆,၀၀၀ မှ ၁၂,၀၀၀ ကျပ်သို့ ပြောင်းလဲ ကောက်ခံမည်လည်း ဖြစ်သည်။ မန္တလေးမြို့တွင် တောင်အင်းမြောက်အင်းသုသာန်နှင့် ဧရိပ်ငြိမ် (ကြာနီကန်) သုသာန်နှစ်ခုရှိကာ ယင်းနှစ်ခုစလုံး၌ တိုးမြှင့်ကောက်ခံသွားမည်လည်း ဖြစ်သည်။

တောင်သူလယ်သမားဦးကြီးများသို့ အသိပေးကြေညာချက်

စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးမည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ တောင်သူများ၏ လယ်ယာကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှုန်းထားသစ်များဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားမည် ဖြစ်ပါသည်။ ၁။ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးမည့် နှုန်းထားများ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အောက်ပါနှုန်းထားများအတိုင်း ပြောင်းလဲထုတ်ချေးပါမည် - စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါ (မျိုးစေ့ထုတ်): တစ်ဧကလျှင် (၁၅၀,၀၀၀) ကျပ်အစား (၃၀၀,၀၀၀) ကျပ် သို့ တိုးမြှင့်ပေးသည်။ အခြားသီးနှံ (၁၈) မျိုး: တစ်ဧကလျှင် (၁၀၀,၀၀၀) ကျပ်အစား (၂၅၀,၀၀၀) ကျပ်သို့ တိုးမြှင့်ပေးသည်။ ပန်းနှမ်း၊ ဆီအုန်းညှင်းနှင့် ဂုန်လျှော်:...

မြန်မာ-နီပေါနှစ်နိုင်ငံ ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နီပေါသံအမတ်ကြီးဆွေးနွေး

ဗဟိုဘဏ်ဥက္ကဋ္ဌဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိုဆွေးနွေးခဲ့ကြသည်။ မေ ၈ ရက်နေ့လည်ပိုင်းက နေပြည်တော်၌တွေ့ဆုံ၍ နှစ်နိုင်ငံကြား ဘဏ်လုပ်ငန်းကဏ္ဍပိုမိုခိုင်မာလာစေရေးအ တွက် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံကြား ဘဏ်လုပ်ငန်းဆိုင်ရာဆက်သွယ်မှုများပိုမိုအားကောင်းလာစေရန်၊ ခေတ်သစ်ငွေရေးကြေးရေးစနစ်ဖြစ်သည့် Digital Banking ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံနှင့် နည်းပညာဖလှယ်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီအိုင်စီတီနည်းပညာများအသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။​ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သံအမတ်ကြီးတို့၏တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကိုနည်းပညာဖြင့်အဆင့်မြှင့်တင်ရာ၌ အထောက်အကူပြုစေမည့်အပြင် အိမ်နီးချင်းအာရှနိုင်ငံများကြား ဘဏ္ဍာရေးဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071