Wednesday, June 10, 2026

မုံရွာ-မန္တလေးသွားကားလမ်း၌ ကားနှစ်စီးတိုက် (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၌ ယနေ့ ဇွန် ၁၀ ရက်နေ့လည် ၃ နာရီခွဲကျော်ခန့်က ကား(၂)စီးတိုက်မိခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး ၏...

ရန်ကုန်မှာအမေရိကန်သံတမန်တစ်ဦးသေဆုံးမှု နှင့်ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထား

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအမှု စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး...

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း...

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းနှင့်ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်...

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ရှိရန် နီးကပ်လာချိန်တွင် “အောင်စာရင်း ကြိုကြည့်ပေးမည်” ဟုဆိုကာ အွန်လိုင်းပေါ်တွင် လိမ်လည်လှည့်ဖျားမှုများ နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်း သိရသည်။ လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌...
HomeNewsLocal Newsကျပ်သိန်း (၂၀) မှ...

ကျပ်သိန်း (၂၀) မှ သိန်း (၅၀) ထိ ဆုချီးမြှင့်မည် မြန်မာရိုးရာမုန့်မျိုးစုံ ပြိုင်ပွဲ ကျင်းပမည်

မြန်မာရိုးရာမုန့်များ ပြန်လည်ထွန်းကာလာပြီး အသင့်စား အခြားနိုင်ငံထုတ်မုန့်များကို လျော့ချနိုင်ရေး မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (AMSEDC) မှ မြန်မာဂျပန်ရိုးရာ မုန့်မျိုးစုံဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ ၌ ရန်ကုန်ရှိ မြေပဒေသာကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်၌ မြန်မာရိုးရာမုန့်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည် မုန့်သည်များကို အခမဲ့ မုန့်ဆိုင်ဖွင့်ရောင်းချစေမည်ဖြစ်ပြီး ဆုချီးမြှင့်ကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာရိုးရာ မုန့်ပြိုင်ပွဲကို ဇန်နဝါရီ (၁၆) ရက်မှ (၂၀) ရက်အထိ သတ်မှတ်နေရာတွင် လူဦးရေ (၁၀) ဦးစာ နမူနာမုန့်များဖြင့် လာရောက်ယှဉ်ပြိုင် အရွေးချယ်ခံနိုင်ကြောင်းလည်း အသိပေးထားသည်။

လာရောက်ယှဉ်ပြိုင်မည်သူများအနေဖြင့် မုန့်ပြုလုပ်နေမှုနှင့် မုန့်ရောင်းချနေသည့် ဆိုင်‌နေရာကို မှတ်တမ်းဓါတ်ပုံနှင့် ရုပ်သံဗီဒီယိုဖိုင်များပါ တပါးတည်းယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကတဆင့် မြန်မာရိုးရာ မုန့်အုပ်စုတစ်ခုလျှင် (၃) ဦးစီးကို ရွေးချယ်ပြီး သန့်ရှင်းကောင်းမွန်စွာ မုန့်ပြုလုပ်နိုင်သူ တစ်ဦးစီကို အရင်းနှီးမတည်ငွေအဖြစ် လုပ်ငန်းအမျိုးစားပေါ်မူတည်ပြီ ငွေကျပ်သိန်း (၂၀) မှ သိန်း (၅၀) ထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပါဝင်ယှဉ်ပြိုင်မည် မုန့်အုပ်စုအမျိုးစားနှင့် အရေအတွက်ပေါ်မူတည်၍ ၁၅ ဦးမှ ၂၀ ဦးထိကိုလည်း ဆုငွေချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရမည့် မုန့်အမျိုးစားသတ်မှတ်ချက်များသည် မြန်မာရိုးရာမုန့်များဖြစ်သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ရွှေရင်အေး၊ မုန့်လုံးကြီးကြော်၊ မုန့်လက်ကောက်ကြော်၊ အကြော်မျိုးစုံ၊ဆီထမင်း၊ ရွှေထမင်း၊ ထမနဲ၊ မုန့်လင်မယား၊ သာကူမုန့်ဖက်ထုပ်၊‌ ကောက်ညှင်းမုန့်ဖက်ထုပ်၊ ပဲပေါက်စီ၊ အုန်းသီးပေါက်စီ၊ သာကူပြင်၊ မုန့်စိမ်းပေါင်း စသည့်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာရိုးရာမုန့်ရောင်းချနေသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်းနှင့် အနံ့အရသာနှင့် သန့်ရှင်းသပ်ရပ်မှုရှိသည့်မုန့်များကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာ-မန္တလေးသွားကားလမ်း၌ ကားနှစ်စီးတိုက် (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၌ ယနေ့ ဇွန် ၁၀ ရက်နေ့လည် ၃ နာရီခွဲကျော်ခန့်က ကား(၂)စီးတိုက်မိခဲ့ကြောင်း သိရသည်။ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး ၏ ခင်မွန်ကျေးရွာအနီးတွင် ကားနှစ်စီးတိုက်မိရာမှ အ မျိုးသား(၁)ဦးသေဆုံးပြီး အမျိုးသား(၁)ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ချောင်းဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အား မြန်မာနိုင် ငံကယ်ဆယ်ရေးအသင်းက ရွှေမြင့်မိုရ်ဆေးရုံနှင့် ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံတို့သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မှာအမေရိကန်သံတမန်တစ်ဦးသေဆုံးမှု နှင့်ပတ်သက်၍ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထား

မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်မှာ အမေရိကန် သံတမန်တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအမှု စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်အရာရှိတွေနဲ့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတို့ကတော့ ဒီအမှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီကိုပဲ လွှဲပြောင်းပေးခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ရန်ကုန်သံရုံးမှာ တာဝန်ကျနေတဲ့ "အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး သေဆုံးသွားတာ" မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပေမယ့် တခြားအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ Associated Press...

ရန်ကုန်မြစ်အတွင်း သာမန်ထက်ထူးကဲဒီရေ တက်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတိပေး

​ရန်ကုန်မြစ်အတွင်း လာမည့် ဇွန်လ (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကာလအ တွင်း အခြေခံရေစစ်မျဉ်းအထက် သာမန်ထက်ထူးကဲဒီရေ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိ ပေးချက် ထုတ်ပြန်လိုက်သည်။ ​အဆိုပါ ကာလအတွင်း ရန်ကုန်မြစ်ရေသည် အခြေခံရေစစ်မျဉ်းအထက် အမြင့် (၂၀.၀၁) ပေမှ (၂၀.၀၄) ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ သို့သော်လည်း ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်များတွင် အခြေခံရေစစ်မျဉ်းအထက် (၂၂) ပေခန့်အထိ တက်ခဲ့ဖူးသည့် သာဓ ကများရှိခဲ့သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071