Friday, September 18, 2026

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ...

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ်...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ...

လေးမျက်နှာတွင် မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ရွေ့လျားမိုဘိုင်းယာဉ်ဖြင့် ဆောင်ရွက်ပေးနေ

လေးမျက်နှာ၊ စက်တင်ဘာ ၁၈ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ၌ ရွေ့လျားမိုဘိုင်းယာဉ် (COW) ဖြင့် ပြည်သူများ မိုဘိုင်းဆက်သွယ်မှုစနစ်ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွေ့လျားမိုဘိုင်းယာဉ် (COW)...
HomeNewsLocal Newsကိုရီးယားသို့ EPS စနစ်ဖြင့်...

ကိုရီးယားသို့ EPS စနစ်ဖြင့် တစ်လအတွင်း မြန်မာလုပ်သား (၃၀၀) နီးပါး စေလွှတ်ထား

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် တစ်လအတွင်း မြန်မာလုပ်သား (၂၉၁) ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် ဖေဖော်ဝါရီ (၁၂) ရက်က ကုန်ထုတ်လုပ်သားသစ် (၁၃၉) ဦး (သစ်တော ၁၉ ဦး) နှင့် ဆောက်လုပ်ရေးလုပ်သားသစ် (၈)ဦး စုစုပေါင်း (၁၄၇) ဦးကို ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာသော မြန်မာလုပ်သားများအား မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

ထို့အတူ ဇန်နဝါရီ (၁၅) ရက်ကလည်း ကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတဆင့် EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် (၁၀၇) ဦးနှင့် စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၃၇) ဦး စုစုပေါင်း (၁၄၄) ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများမှာ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့်ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချ က်များကို မှာကြားကာ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု ၂၀၆ မှုမှ ကျူးလွန်သူ ၁၈၆ ဦး ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ခါးပိုက်နှိုက်မှု ၂၀၆ မှုနှင့် ဆက်စပ်၍ အမျိုးသား ၁၆၅ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ စုစုပေါင်း ၁၈၆ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများထံမှ သက်သေခံပစ္စည်းများအဖြစ် လက်ကိုင်ဖုန်း ၂၃၅ လုံးနှင့် ငွေကျပ် ၆,၈၈၅,၇၀၀ ကို...

မကွေးတိုင်းတွင် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ကာ သိုလှောင်ရုံကုန်အပ် ချေးငွေစနစ် စတင်

မကွေး၊ စက်တင်ဘာ ၁၀ မကွေးတိုင်းဒေသကြီးအတွင်း ဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် တောင်သူများအတွက် ဈေးကွက်နှင့် ငွေကြေးအထောက်အပံ့ရရှိရေး ရည်ရွယ်၍ ၂၀၂၆–၂၀၂၇ ခုနှစ် မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ပြီး GAP စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးရာသီနှမ်းများ စုပေါင်းရောင်းဝယ်ရေးနှင့် သိုလှောင်ရုံကုန်အပ် ချေးငွေစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ ၂၀၂၆–၂၀၂၇ ခုနှစ် မကွေးတိုင်းဒေသကြီး မိုးရာသီနှမ်း GAP အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် GAP စနစ်ဖြင့် စိုက်ပျိုးထားသော မိုးရာသီနှမ်းများအတွက် စုပေါင်းရောင်းဝယ်ရေးလုပ်ငန်း အခမ်းအနားကို စက်တင်ဘာ ၁၀...

ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈ ကမ္ဘာ့ရေနံဈေးအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၀၁ ဝန်းကျင်အထိ မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးအနေဖြင့် ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ 92 တစ်လီတာ ကျပ် ၃,၈၂၅ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၁၅၀ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဓာတ်ဆီ 92 Ron...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071