Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏...

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး

ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး (ပထမ)နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ပထမ) (First Vice Minister) H.E. Mr. Kim Hong Kyun မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်က ဆိုးလ်မြို့ရှိ Lotte Hotel ၌ ပြုလုပ်သည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ ဆိုးလ်မြို့အခြေစိုက်၊ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ခဲ့ပြီး အာဆီယံသံအမတ်ကြီးများက ပါဝင်ဆွေးနွေးမှုများတွင် မြန်မာသံအမတ်ကြီး ဦးသန့်စင်က အာဆီယံနိုင်ငံများအနေဖြင့် KASI အောက်မှ အဓိကလိုအပ်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကိစ္စရပ်များနှင့် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလုပ်သဘောနေ့လယ်စာစားပွဲတွင် ဒုတိယဝန်ကြီး(ပထမ) က ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသို့ မြှင့်တင်နိုင်ခဲ့ပြီဖြစ်၍ Korea-ASEAN Solidarity Initiative – KASI အောက်မှ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားမည့်ကိစ္စနှင့် အာဆီယံတစ်နိုင်ငံချင်းစီနှင့် ဆက်ဆံရေး တိုးမြှင့်သွားနိုင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071