Tuesday, May 5, 2026

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားသို့ သယ်ဆောင်မည့် ကျပ် နှစ်ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ကို ဧပြီ ၂၆ ရက်က ဖမ်းဆီးရမိခဲ့‌ကြောင်း...
HomeCelebrities' Newsကိုယ့်အရေးထက်စာရင် သားသမီးအရေးက ပိုပြီးတော့...

ကိုယ့်အရေးထက်စာရင် သားသမီးအရေးက ပိုပြီးတော့ အရေးကြီးသွားပြီဆုန်သင်းပါရ်

ဆုန်သင်းပါရ်ရဲ့ သားလေးက အခုဆို ၅ နှစ်အရွယ် ကို ရောက်ရှိနေပါပြီ။ သမီးလေးကတော့ ပြီးခဲ့တဲ့ လပိုင်း အတွင်းကမှ လူ့လောကထဲကို ရောက်ရှိလာခဲ့တယ်။ မိခင်ဆိုတာ ဒါပါပဲ။ တစ်ချိန်က နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဆုန်သင်းပါရ်။ သူ့ရဲ့ လက်ရှိအချိန် မှာတော့ သားသမီးတွေကိုပဲ အချိန်ပေးနေရပါတယ်တဲ့။

“သမီးလေးကတော့ ဆုန်သင်းရဲ့ ဒုတိယသမီးလေး ပေါ့နော်။ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက် ပေါ့။ သမီးကိုပြုစုဖို့ တအား အချိန်ပေးရတယ်။ ဆုန်သင်းဆိုရင် ကူညီပေးမယ့်သူတွေ အမေကလွဲလို့ မရှိဘူး။ ကိုယ်တိုင်ကိုယ်ကျပဲ သမီးလေးကို ပြုစုစောင့် ရှောက်နေရတယ်။ မိခင်တစ်ယောက်အနေနဲ့ ကိုယ် ဝါသနာပါတဲ့အရာတွေ အကုန်လုံးကိုလည်း စွန့်လွှတ် ထားရတာတွေရှိတယ်။ ကိုယ့်အရေးထက်စာရင် သား သမီးအရေးက ပိုပြီးတော့ အရေးကြီးသွားပြီ” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ မှာ မီမီဝင်းဖေရဲ့ One Lady Show ရှိတယ်။ ဆုန်သင်း ပါရ်တို့ သူငယ်ချင်းတစ်စုလည်း သွားရောက်အားပေး ဖြစ်မယ်။ မီမီဝင်းဖေအပေါ်ကိုလည်း ဆုန်သင်းပါရ်က….

“တကယ့်ကို ကိုယ်တွေ ငယ်ငယ်ကတည်းက ကြိုက် နှစ်သက်ခဲ့တဲ့၊ ကိုယ့်ရဲ့ အဆိုးအကောင်းတွေ အကုန်လုံး ကို ဝေမျှပေးတဲ့ အစ်မရဲ့ တကယ့်ကို ဖျော်ဖြေမယ့်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ အားပေးမှာပါ။ ပြီး တော့ မမီသီချင်းတွေက တကယ့်ကိုယ်ပိုင်သံစဉ် စစ်စစ် တွေ၊ ပြီးတော့ တစ်သက်စာအတွက် လုံလောက်တဲ့ သီချင်းတွေ အများကြီးရှိတယ်။ မှတ်တိုင်တွေ အများကြီးရှိတယ် ဆိုတော့ သီချင်းကောင်းတွေ အများကြီးနားဆင်ဖို့ကို ဆုန် သင်းတို့လည်း အဆင်သင့်ရှိ နေပါတယ်။ မမီကိုလည်း အရမ်းကြီး စင်ပေါ်မှာ သိပ် မလှုပ်ပါနဲ့လို့။ စင်တွေဘာတွေ ကျိုးမှာ စိုးလို့ပါ(ရယ်လျက်)” လို့ သူက ပြောပြခဲ့ပါတယ်။

သတင်း

ဓာတ်ပုံ-မျိုးမောင်

Ads Space Available


Continue reading

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ အလှမယ်၏လုပ်ရပ်နှင့်ပတ်သက်သည့် ရုပ်သံဖိုင်များမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ဗုဒ္ဓဘာသာဝင်များကြား ဝေဖန်မှုများပြင်းထန်ခဲ့သဖြင့် သာသနာရေးဝန်ကြီးဌာနက အလှမယ်အိမွန်လွင်အပါအဝင် ပြိုင်ပွဲကျင်းပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလိုစိစစ်ဖော်ထုတ်အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ယနေ့ မေ ၅ ရက်တွင်တရားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် အနုပညာနှင့် ဖက်ရှင်ဖန်တီးမှုနယ်ပယ်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအရေးကြီးသည့် စည်းမျဉ်းများကို သတိပြုရန်သင်ခန်းစာတစ်ခုဖြစ်လာခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071