Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsကိုယ်အလေးချိန် ၁၆၅ပေါင်အထိ ဝိတ်တက်သွားခဲ့တဲ့...

ကိုယ်အလေးချိန် ၁၆၅ပေါင်အထိ ဝိတ်တက်သွားခဲ့တဲ့ ရတနာဖြူဖြူအောင်

သရုပ်ဆောင် ရတနာဖြူဖြူအောင်က အခုလက်ရှိမှာ ခန္ဓာကိုယ် ထိန်းသိမ်းမှုအတွက် သေသေချာချာ လေ့ကျင့်ခန်းတွေ ဆော့ပြီး ထိန်းသိမ်းနေရတယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန် ၁၆၅ ပေါ်အထိ ဝိတ်တတ်သွားခဲ့တဲ့ ရတနာဖြူဖြူအောင်ရဲ့ ကိုယ်တိုင်အတွေ့အကြုံရတဲ့ အခက် အခဲတွေနဲ့ လက်ရှိထိန်းသိမ်းမှု အကြောင်းအရာတွေကို မေးပြန်တော့…

“ညီမ ဟိုးတစ်လောက တော်တော်ကြီး ဝသွားတယ်။ အခုလည်း ညီမခန္ဓာကိုယ်က သိပ်ပြီးပိန်တဲ့အထဲ မှာတော့ မပါသေးပါဘူး။ အခုလေ့ကျင့်ခန်း စလုပ်နေတယ်။ အရင်က တော့ အစားအသောက်နဲ့ပဲထိန်းတယ်။ အရင်ကိုယ်အလေးချိန်နဲ့ဆိုရင် လေ့ကျင့်ခန်း လုပ်ဖို့ က မောလွန်းလို့  လူကမခံနိုင်ဘူး။ ဒါကြောင့် အစားပဲလျော့လို့ရတယ်။ အခုတော့ လေ့ ကျင့်ခန်း လုပ်နိုင်ပြီ။ လေ့ကျင့်ခန်းလုပ်တာလည်း တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ အရင်က ပေါင် ၁၆၅ ပေါင် ကျော်အောင်တောင် တတ်သွားတယ်။ ပေါင်ချိန် အရမ်းတတ်သွားတုန်းကဆိုရင် ကိုယ့်အိမ် က လေကားတတ်ဖို့တောင်မောတယ်။ အိမ်က ပြေးစက်ပေါ်တတ်တုန်း ရှိသေးတယ် တအားမော လာရော။ ညီမက နှလုံးလည်း သိပ်မကောင်းတော့ အမောမခံနိုင်ဘူး။ ဒါကြောင့် အစားလျော့ ညစာ ကိုဖျော်ရည်လေးပဲသောက် ဒီလိုလေးပဲ ကိုယ်ရည်ဆစ်သွားအောင် ကြိုးစားရတာပေါ့” လို့ ရတနာ ဖြူဖြူအောင်က ပြောပါတယ်။

  ရတနာဖြူဖြူအောင်က တစ်ဖက်မှာ သီချင်းခွေလည်း လုပ်နေရတာဖြစ်လို့ သရုပ်ဆောင်ပိုင်း သိပ်မလုပ်ဖြစ်တာပါဆိုပြီးပြောပြတဲ့ ရတနာဖြူဖြူအောင်ရဲ့ ဇာတ်ကားရိုက်ကူးမှုတွေက”ညီမရဲ့ လှုပ်ရှားမှုလေးတွေ ကျဲနေတာက မော်ဒယ်လောကထဲ ဝင်သွားတာရယ်၊ ကျောင်းတက်လိုက်တာ ရယ်ကြောင့်ပါ။ ညီမရဲ့ ထွက်လာတဲ့ ဇာတ်ကားလေးတွေ ပြင်ဆင်ချိန်များတယ်။ တိုက်က ဖြည်း ဖြည်းချင်းစီရိုက်ကူးတာတွေလည်းပါလို့ပါ။ ဒါကြောင့်ထွက်ရှိလာတဲ့ ဇာတ်ကားလေးတွေနဲ့ မလည်ဘူး လို့ ဖြစ်နေတာကြောင့်ပါ။ အခုလည်း သီချင်းခွေလေး လုပ်နေတာကြောင့်လည်းပါပါတယ်။ ပရိသတ် တွေကလည်း သီချင်းခွေ လုပ်ဖို့ ပြောကြတယ်။ နားထောင်ချင်တယ်ဆိုလို့ ဒါလေးကို ဦးစားပေးလိုက် တာပါ။ အခုလည်း လှုပ်ရှားမှုအနေနဲ့ ‘လိပ်ပြာခေါင်မိုး’ ဆိုတဲ့ Mini Series လေးကို ပြင်ဦးလွင်မှာ ရိုက်နေပါပြီ။ စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးကိုလည်း ရတနာဖြူဖြူအောင် ပြန်လာပြီလို့ ပြောချင် ပါတယ်” လို့ ပြောပြပါတယ်။

  မြတ်မိုးပွင့်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071