Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeEntertainmentBusinessကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ...

ကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ရုပ် ရှင် ဇာတ် ကား အ ရှုံး ပေါ် သွား ခဲ့ တယ် လို့ ခင်ဇာခြည်ကျော်ပြော

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ “မင်္ဂလာခုတင်” ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ကိုယ်ပိုင်ထုတ်လုပ်ရေးက ပထမဆုံးထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားက ဝင်ငွေအရ အရှုံးပေါ် သွားတဲ့အတွက် နောက်ထပ်ထုတ်လုပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေ အတွက် စဉ်းစားနေရပါတယ်လို့လည်း သရုပ်ဆောင် ခင် ဇာခြည်ကျော်က ပြောပါတယ်။

“ကိုယ်ထုတ်လုပ်ရိုက်ကူးလိုက်တဲ့ ပထမဆုံးရုပ်ရှင် ဇာတ်ကားကရှုံးသွားတယ်။ အဲဒီတော့ နောက်ထပ်ရိုက် ကူးမယ့် ရုပ်ရှင်ဇာတ်ကားတွေအတွက် စဉ်းစားရပြီပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကသရုပ်ဆောင်အလုပ်ကိုသာ Professional လုပ်တာလေ။ ထုတ်လုပ်ရေးပိုင်းကိုကျ တော့ ကိုယ်ကဇာတ်ကားတစ်ကား အောင်မြင်မှ နောက် ထပ်တစ်ကားရိုက်ကူးနိုင်မှာလေ။ ဘာလို့လဲဆိုတော့ ဝါသနာအရသာထုတ်လုပ်ရိုက်ကူးတာ။ အမြတ်ကလေး ရချင်လို့သာထုတ်ကြတာလေ။ ဒါပေမဲ့ ကိုယ်ပထမဆုံးထုတ် လုပ်လိုက်တဲ့ဇာတ်ကားက အရှုံးပေါ်သွားတဲ့အတွက် နောက်ထပ်ရိုက်ကူးဖို့စီစဉ်ထားတဲ့ဇာတ်ကားတွေ တန့် သွားရတာပေါ့။ ကိုယ်ပိုင်ထုတ်လုပ်ရေးက ၂ဝ၁၈ ခုနှစ်ထဲမှာတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့မရှိသေးပါဘူး။ အစ်မက တခြားထုတ်လုပ်ရေးက ဇာတ်ကားတွေလည်း ရိုက် ကူးနေရတော့ ကိုယ်တိုင်မအားတာလည်းပါတယ်။ အမေ့ ကျန်းမာရေးကြောင့်လည်းပါတယ်”လို့ သရုပ်ဆောင်ခင်ဇာ ခြည်ကျော်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...