Wednesday, June 24, 2026

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...
HomeInternationalကာတာအစိုးရမှ လက်ဆောင်ပေးသည့် လေယာဉ်ကို...

ကာတာအစိုးရမှ လက်ဆောင်ပေးသည့် လေယာဉ်ကို Air Force One အဖြစ် ယာယီအသုံးပြုမည်ဖြစ်ကြောင်း ထရမ့်အတည်ပြု

ကာတာအစိုးရမှ လက်ဆောင်ပေးအပ်သည့် ဇိမ်ခံလေယာဉ်အား Air Force One အဖြစ် ယာယီအသုံးပြုမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့သည်။ ထရမ့်၏ဆုံးဖြတ်ချက်သည် ဝါရှင်တန်တွင် ကျင့်ဝတ်နှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

“Boeing 747 လေယာဉ်ကို အမေရိကန်လေတပ်/ကာကွယ်ရေးဌာနသို့ ပေးအပ်ခြင်းဖြစ်ပြီး ကျွန်တော့်အတွက် မဟုတ်ပါ။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ အကာအကွယ်ပေးခဲ့သည့် ကာတာနိုင်ငံမှ လက်ဆောင်ဖြစ်ပါသည်။ လေယာဉ်အသစ်များ နောက်ကျစွာရောက်ရှိလာသည်အထိ ကျွန်တော်တို့အစိုးရက ယာယီ Air Force One အဖြစ် အသုံးပြုမည်” ဟု ထရမ့်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့မှုအတွက် ကျေးဇူးဆပ်လိုသည့် နိုင်ငံတစ်နိုင်ငံမှ လက်ဆောင်ကို အခမဲ့ရယူနိုင်ပါသည်။ ဤကြီးမားသော ငွေကြေးသက်သာမှုအား အမေရိကန်ကို ပြန်လည်ကြီးပွားစေရန်အတွက် အသုံးပြုမည်။ ဤလက်ဆောင်ကို ငြင်းပယ်မည့်သူမှာ အရူးသာဖြစ်မည်။ ဤကိစ္စကို အာရုံစိုက်မှုအတွက် အားလုံးကို ကျေးဇူးတင်ပါသည်”ဟုလည်း သူက ဆက်လက်ရေးသားခဲ့သည်။

ထရမ့်က အမေရိကန်သည် အခြားနိုင်ငံများ၏ ခေါင်းဆောင်များထက် ပိုမိုအထင်ကရဖြစ်သော လေယာဉ်ရှိသင့်ကြောင်း အစောပိုင်းကပင် ပြောကြားခဲ့သည်။ လက်ရှိ Air Force One လေယာဉ်သည် အခြားနိုင်ငံ့ခေါင်းဆောင်များ၏ လေယာဉ်များထက် “အလွန်သေးသိမ်ပြီး အထင်ကရဖြစ်မှုနည်းသည်ဟု” ဝေဖန်ခဲ့သည်။

ထရမ့်၏ ပထမသက်တမ်းအတွင်း အမေရိကန်အစိုးရသည် အဟောင်းဖြစ်နေသော Air Force One လေယာဉ်ကိုအစားထိုးရန် Boeing 747-8 အသစ် နှစ်စင်းအား ဝယ်ယူရန် သဘောတူညီခဲ့သည်။ မူလက ၂၀၂၄ ခုနှစ်တွင် အားလုံးအပြီးအစီး စီစဉ်ထားသော်လည်း ဤစီမံကိန်းသည် အကြောင်းကြောင်းကြောင့် အကြိမ်ကြိမ် နောက်ကျခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များက ဒေသတွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်ထိရောက်စေလျက်ရှိကြောင်း သိရသည်။ ချုံကျိုမြို့သည် တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းမြို့အတွင်းရှိ ပင်းရှန်းမြို့မှာ ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ထိစပ်နေပြီး “တရုတ်နိုင်ငံ၏ တောင်ဘက်တံခါးပေါက်” ဟု လူသိများသည်။ ပင်းရှန်းမြို့သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071