ရန်ကုန်၊ ဇူလိုင် ၃၀
ကလေးသူငယ်များကို ဆေးဝါးများတို-က်ကျွေး၍ အသိစိတ်ကင်းမဲ့နေချိန်တွင် လိ-င်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပြုလုပ်ကာ ဗီဒီယိုများကို Telegram မှတစ်ဆင့် ငွေကြေးအကျိုးအမြတ်ရယူ ရောင်းချခဲ့သူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အမှုနှစ်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ စုစုပေါင်း ထောင်ဒ-ဏ် အနှစ် ၄၀ ကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရားခံ မျိုးမင်းထွန်း (ခ) ဖိုးသားသည် အသက် ၁၁ နှစ်အရွယ် ကလေးငယ်များကို ၎င်း၏နေအိမ်သို့ ခေါ်ဆောင်ကာ အားဆေးဟု လိမ်လည်ပြောဆို၍ စိတ်ငြိမ်ဆေးနှင့် အရက်ကို တို-က်ကျွေးပြီးနောက် လိ-င်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ပြင် အဆိုပါလုပ်ရပ်များကို ဗီဒီယိုရို-က်ကူး၍ Telegram အကောင့်မှတစ်ဆင့် အဖွဲ့ဝင်များထံ အခကြေးငွေဖြင့် ဖြန့်ဝေရောင်းချကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်၍ အင်းစိန်မြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။
ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင်တရားရုံးက တရားခံ မျိုးမင်းထွန်း (ခ) ဖိုးသားအား အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့်ထောင်ဒ-ဏ် အနှစ် ၂၀ စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့သဖြင့် စုစုပေါင်း အလုပ်နှင့်ထောင်ဒ-ဏ် အနှစ် ၄၀ ကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
