Home News Local News ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာများ ပံ့ပိုးပေးနေဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာများ ပံ့ပိုးပေးနေဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

0
80

ကရင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် နည်းပညာ၊ ဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များကို ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယကဖြစ်သူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြောကြားခဲ့သည်။

ယင်းပြောကြားချက်ကို မေ ၁၃ ရက်က ကျင်းပသည့် ကရင်ပြည်နယ်ဒေသဆိုင်ရာ MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၂/၂၀၂၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း MSME လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက်စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ကာ ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် MSME လုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး လိုအပ်သည့် ဖြေလျော့မှုများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာသူများကလည်း ကဏ္ဍအလိုက် ဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here