Tuesday, September 15, 2026

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch)...

AI ကို ထိန်းချုပ်ဖို့အတွက် IQ...

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို...
HomeEntertainmentBusinessကမ္ဘာ့နံပါတ်တစ် စာရင်းဝင်ကော်ဖီများ ထုတ်လုပ်သော...

ကမ္ဘာ့နံပါတ်တစ် စာရင်းဝင်ကော်ဖီများ ထုတ်လုပ်သော Nestle စက်ရုံများသို့ အလည်တစ်ခေါက်

တစ်စက္ကန့်မှာ ကမ္ဘာ့လူဦးရေ သန်းပေါင်းမြောက်မြားစွာဟာ အရ သာ အမျိုးအစားစုံလင်သော ကော်ဖီ အရသာတွေကို သောက်သုံးရင်း နေ့စဉ်ဖြတ်ကျော်နေလျက် ရှိလာပါ တယ်။ အဲဒီအထဲမှာ Nestle ရဲ့ အမှတ်တံဆိပ် အမည်နာမ အောက် ကနေ ခွဲထွက်ထုတ်လုပ်လျက်ရှိတဲ့ Nescafe လည်း အပါအဝင်ဖြစ်ပါ တယ်။ Nescafe ကိုတော့ တစ် စက္ကန့်မှာ ခွက်ရေငါးထောင်အထိ သောက်သုံးလျက်ရှိနေတဲ့ ကမ္ဘာ့ နံပါတ်တစ်စာရင်းဝင်ကော်ဖီဖြစ် တယ်လို့ သုတေသနစစ်တမ်းတွေ အရ သိထားရပါတယ်။ Nescafe ဆိုတာနဲ့ မြန်မာပြည်သူပြည်သားတွေ အားလုံးလိုလိုပဲ မသိတဲ့သူမရှိသ လောက်ရှားပါးလွန်းလှပါတယ်။ ဘာ ကြောင့်ဆိုရင် Nestle ဆိုတဲ့ အမှတ် တံဆိပ်ကို မြန်မာပြည်သူတွေဟာ ၁၉၁၅ ခုနှစ်ကတည်းက ထိတွေ့ခွင့် ရခဲ့တာ အခုချိန်ထိ ထိတွေ့နေရခြင်း ပဲဖြစ်ပါတယ်။ သို့သော် Nestle’ Myanmar Limite ကိုတော့ ၂ဝ၁၃ ခုနှစ်ရောက်ခါကျမှသာ စတင်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

အခု ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ လမှာတော့ Nestle’ Myanmar ရဲ့ ပထမဦးဆုံး စက်ရုံကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာတည်ဆောက် ဖွင့်လှစ်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ Nestle’ Myanmar ကနေ ဘာတွေ ထုတ်လုပ်နေလဲဆိုရင် အရင်တုန်းက ပြည်ပနိုင်ငံကနေ တင်သွင်းရောင်းချ နေရတဲ့ လူကြိုက်များတဲ့ Milo အပါအဝင် Nescafe( Shal Kaw), Nescafe Blend & Brew, Nestle’ Bear Brand တွေကို အဓိကထုတ် လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိနေပြီဖြစ်ပါတယ်။

တစ်ခုရှိတာက မြန်မာပြည်မှာ ထုတ် လုပ်ရောင်းချနေတဲ့ Nestle ဟာ လည်း တစ်ကမ္ဘာလုံးမှာရှိနေတဲ့ စား သောက်ကုန်ပစ္စည်းတွေနဲ့အတူ အရည်အသွေးပြည့်မီပြီး ကွာလတီ ကောင်းမွန်ရဲ့လားဆိုတဲ့ မေးခွန်း တွေကိုတော့ Nestle’ Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာMr. Hayri Devrim Cobekု က ရိုးရှင်းတဲ့ အ ဖြေတစ်ခု ဖြစ်တဲ့

“ကျွန်တော်တို့ရဲ့ Nestle ဟာ ကမ္ဘာမှာတစ်ပြေးညီ တည်းသွားနေတဲ့ စားသောက်ကုန် တွေပါ။ အရည်အသွေးတွေကွာလတီ တွေနဲ့ပတ်သက်လို့ကတော့ Global သွားနေတာ ဖြစ်တဲ့အတွက် တန်းတူ တစ်ခုတည်းပဲသွားပါတယ်။ မြင့်မား တဲ့ အရည်အသွေး ကွာလတီ တွေနဲ့ပဲ မြန်မာနိုင်ငံမှာလည်း ထုတ်လုပ် ရောင်းချ အသုံးပြုနေတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာမို့လို့ ထိုင်း နိုင်ငံမှာမို့လို့ အခြားပြည်ပနိုင်ငံမှာ မို့လို ဆိုပြီးတော့ Nestle က ခွဲခြား ထုတ်လုပ်တာမျိုး တစ်ခုမှမရှိပါဘူး။ Nestle ဟာ ကွာလတီ တစ်ခုတည်းပဲ ရှိပါတယ်။ အားလုံးဟာ Nestle ပါ ပဲ။ စက်ရုံတွေရဲ့ အရည်အသွေးက လည်း အကုန်လုံးအတူတူပဲ ဖြစ်ပါ တယ်” လို့ ဖြေဆိုခဲ့ပါတယ်။

အမှန်ပင် ဖြစ်ပါတယ်။ ကျွန် တော်တို့ ဆယ်ဦးပါဝင်တဲ့ မီဒီယာ အဖွဲ့ Nestle’ factory tour အဖွဲ့ ဟာ ထိုင်းနိုင်ငံ Nestle စက်ရုံတွေ ဖြစ်တဲ့ Navanakorn နဲ့ Cha-choengsao Nestle စက်ရုံတွေကို သွားရောက် လည်ပတ်ခွင့်ခဲ့ရပါ တယ်။ စက်ရုံတွေရဲ့အတွင်းနဲ့ အ ပြင်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတော့ ရိုက်ကူးခွင့်ပြုမထားပါဘူး။ အဲဒီ စက်ရုံနှစ်ခုစလုံးက ဘန်ကောက်မြို့ မှာပဲတည်ရှိနေတာ ဖြစ်ပါတယ်။
Chachoengsao စက်ရုံပါ။ Chachoengsao Nestle စက်ရုံ ကိုတော့ ၁၉၉၂ ခုနှစ်မှာ စတင်တည် ဆောက်နိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အ ဆင့်မီစက်ရုံကြီးတစ်ရုံဖြစ်ပါတယ်။ နည်းပညာမှာလည်း နိုင်ငံတကာ အ ဆင့်အတန်းမီဖြစ်တဲ့အပြင် Safety အပိုင်းမှာလည်း စေ့စပ်သေချာစွာနဲ့ တည်ဆောက်ထားတဲ့ စက်ရုံကြီး တစ် ရုံ ဖြစ်ပါတယ်။ ပစ္စည်းထုပ်ပိုးမှုအပါ အဝင်ထုတ်လုပ်မှု အစိတ်အပိုင်း တွေကအစ သန့်ရှင်းသပ်ရပ်စွာနဲ့ ပြုမူလုပ်ဆောင်နေတဲ့ စက်ရုံကြီး တစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲဒါ ကြောင့်လည်းChachoengsao စက်ရုံဟာ ၂ဝ၁၇ ခုနှစ်မှာ FDA ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

နောက်တစ်ခုက Navanakorn စက်ရုံပါ။ Navanakorn စက်ရုံကို Nestle ကနေပြီး ၁၉၈၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးသော နို့မှုန့် ထုတ်လုပ်ခဲ့တဲ့ စက်ရုံကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ Navanakorn စက်ရုံ ဟာ ဒီနေ့ ထက်ထိလည်း ထိုင်းနိုင်ငံ မှာ တစ်ခုတည်းသော နို့မှုန့်ထုတ်လုပ် တဲ့စက်ရုံဖြစ်နေဆဲပါပဲ။ Nestle ရဲ့ နိုင်ငံတကာနည်းပညာအတိုင်း တည် ဆောက်ထုတ်လုပ်ခဲ့တဲ့ စက်ရုံတစ်ခု ဖြစ်ပြီး Nescafe Coffee သံဘူးတွေ နဲ့ Nescafe Coffee mix တို့ကို အဓိက ထုတ်လုပ်နေတဲ့ စက်ရုံတစ်ခု လည်းဖြစ်ပါတယ်။ ကော်ဖီစေ့ ကုန် ကြမ်းတွေကိုတော့ ထိုင်းနိုင်ငံက ကော်ဖီစေ့ စိုက်ခင်းတွေကနေ ဝယ် ယူထားတာဖြစ်ပြီး ကွာလတီကိုလည်း အမြဲတမ်း စေ့စပ်သေချာအောင် စိစစ်လုပ်ဆောင်ပြီးမှ ဝယ်ယူလေ့ရှိ တယ်လို့ သိရတယ်။

ဒါ့အပြင် စားသုံးသူတွေအ တွက် ကျန်မားရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်တွေကို ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိနေတာမို့ ကျင့်ဝတ် ဆိုင်ရာနဲ့ တာဝန်ယူမှုအပိုင်းတို့မှာ ထိုင်းနိုင်ငံရဲ့ စံပြနမှုနာအဖြစ် ရပ် တည်လျက်ရှိနေတဲ့ စက်ရုံကြီးတစ်ခု လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Nestle အင်ဒိုချိုင်းနားမှာ ထိုင်းနိုင် ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ လာအိုနိုင်ငံတို့ပါဝင်ပြီး Nava-nakorn စက်ရုံမှာသာ NQAC စင် တာတည်ရှိတာဖြစ်ပါတယ်။ ကွာလ တီတွေကို စမ်းသပ်စစ်ဆေးတဲ့နေရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။NQAC (Nestle’ Quality Assurance Center) မှာ ခေတ်မီ နည်းပညာတွေနဲ့အတူ စမ်းသပ် စစ်ဆေးမှုတွေကို တိကျသပ်ရပ်စွာနဲ့ ဖော်ထုတ်ဖော်ဆောင်နေတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ Nestle ရဲ့ ပေါ်လစီအတိုင်း ကွာလတီ နံပါတ် တစ်၊ လူမှုမြင့်မားရေးနဲ့ စားသုံးသူ တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက် ပေးနေတဲ့ စင်တာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ထိုင်းနိုင်ငံရှိ စက်ရုံတွေ ထဲမှာလည်း တစ်ခုတည်းသော NQAC စင်တာရှိတဲ့ စက်ရုံတစ်ခု လည်းဖြစ်ပါတယ်။

Nestle’ Brand ၆ မျိုးကို မြန်မာနိုင်ငံမှာ ဖြန့်ချိလျက်ရှိနေပြီး အဲဒါတွေတော့ Maggiç Lastogen, Cerelac တို့နဲ့အတူ Nescafe, Nestle’ Bear Brand နဲ့ Milo တို့ကိုတော့ မြန်မာနိုင်ငံရှိ Nestle’ Myanmar စက်ရုံမှာ ထုတ်လုပ် ရောင်းချနေပြီ ဖြစ်ပါတယ်။ Nestle’ Myanmar စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ အမေရိကန်ဒေါ်လာ ၂၅ သန်း ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ထက်လူ

Ads Space Available


Continue reading

အင်္ဂလန်နဲ့ စကော့တလန်ကြား ‘ဝီစကီစစ်ပွဲ’ စတင်ဖြစ်ပွားလာ

​အင်္ဂလန်ရဲ့ Single Malt ဝီစကီကို နိုင်ငံတော်က အကာအကွယ်ပေးထားတဲ့ အမျိုးအစားအဖြစ် သတ်မှတ်ပေးဖို့ ဗြိတိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာကျော် စကော့ချ် (Scotch) ဝီစကီ ထုတ်လုပ်သူတွေရှိတဲ့ စကော့တလန်မှာ မကျေနပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထုတ်လုပ်သူတွေကလည်း တုံ့ပြန်ဖို့ ပြင်ဆင်နေကြပြီလို့ The Telegraph သတင်းစာက ဖော်ပြခဲ့ပါတယ်။ ​ပြီးခဲ့တဲ့အပတ်က ဗြိတိန်အစိုးရဟာ အင်္ဂလိပ် single malt ဝီစကီကို ဒေသဆိုင်ရာ အကာအကွယ်ပေးမှုအဆင့် သတ်မှတ်ပေးခဲ့တာပါ။ အဲဒီလို သတ်မှတ်လိုက်တာဟာ အင်္ဂလိပ်ဝီစကီကို သီးသန့်အမျိုးအစားတစ်ခုအနေနဲ့ အသိအမှတ်ပြုလိုက်တာဖြစ်ပြီး စကော့ချ်၊...

AI ကို ထိန်းချုပ်ဖို့အတွက် IQ မြင့်တဲ့ သမ္မတတစ်ယောက်ရှိရင် ရပြီလို့ ထရမ့်ပြော

​AI နည်းပညာအပေါ် အကန့်အသတ်အသစ်တွေ ထိန်းချုပ်ပေးဖို့ ထိပ်တန်း AI ကုမ္ပဏီအရာရှိတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပယ်ချလိုက်ပါတယ်။ AI လုပ်ငန်းအတွက် လိုအပ်တဲ့ တစ်ခုတည်းသော စည်းကမ်းဘောင်ဆိုတာဟာ "ကြံ့ခိုင်ပြီး ဉာဏ်ကောင်းတဲ့ IQ မြင့်တဲ့ သမ္မတတစ်ယောက်"ပဲလိုအပ်တာဖြစ်ပြီး အမေရိကန်မှာ အဲဒီလိုသမ္မတမျိုး ရှိပြီးသားလို့ Truth ဆိုရှယ်မီဒီယာမှာ သူကရေးခဲ့တာပါ။ ​အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ ဒီ AI နည်းပညာကြောင့် အလုပ်အကိုင်တွေ အများကြီး ဆုံးရှုံးတာ၊ ဇီဝလက်နက်အသစ်တွေ ထွက်ပေါ်လာတာနဲ့ အလိုအလျောက် တိုက်ခိုက်နိုင်တဲ့...

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင်(၁၃) ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၄)ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင်(၈၀)ဦးတို့ အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင်(၁၉၈)ဦး၊ အ နောက်တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၂)ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၂)ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တွင်(၅၈၀)ဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၂,၉၂၆)ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၇၁)ဦးတို့လည်း အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် (၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ (၅,၆၇၂)ဦးရှိကာ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းမျိုးစုံ(၆၉၂)လက်လည်းပါရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071