မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (F) ပွဲဦးထွက်ပွဲစဉ်အဖြစ် အာရှအင်အားကြီး တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် (၁၉) တွင် ရပ်တည်နေပြီး မြန်မာအမျိုးသမီးအသင်းမှာ ကမ္ဘာ့အဆင့် (၅၅)တွင် ရပ် တည်နေသည်။
အုပ်စု (F) တွင် မြန်မာအသင်းနှင့်အတူ တောင်ကိုရီးယား၊ မြောက်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေသည်။
မြန်မာအမျိုးသမီးအသင်း၏ အာရှအား ကစားပြိုင်ပွဲ ပွဲစဉ်များကို မည်သည့်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ကို လက်ရှိအချိန်အထိ ထုတ် ပြန်ကြေညာထားခြင်း မရှိသေးပေ။
အုပ်စုပွဲစဉ်များကို Osaka မြို့ရှိ Nagai Stadium တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာအသင်းသည် စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယား၊ စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားနှင့် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
