လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော မဟာမုနိဘုရားကြီးရှေ့တွင် သာသနာတော်နှင့်မအပ်စပ်သည့် ကပြဖျော်ဖြေနေသော ရုပ်သံများနှင့်ပတ်သက်၍ မဟာမုနိဂေါပကအဖွဲ့က ယနေ့ စက်တင်ဘာ ၁၃ ရက်က အထကိပါအတိုင်းအသိပေးခဲ့ခြင်းဖြစ်သည်။
မကြာသေးမီက TikTok အကောင့်တစ်ခုတွင် မဟာမုနိဘုရားကြီးအားနောက် ခံပြု၍ AI နည်းပညာဖြင့်ပြုလုပ်ကာ သာသနာတော်နှင့်မအပ်စပ်သည်များဖော်ပြထားသည်ဟု မဟာမုနိဂေါပကအဖွဲ့က အသိပေးခဲ့သည်။
မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသော ဘုရားပရိဝုဏ်နှင့် စေတီပုထိုး၊ ကျောင်းဇရပ်များအတွင်း သာသနာတော်နှင့်မအပ်စပ်သည့် နတ်ကနားပွဲများမကျင်းပရန်ကြေညာထားကာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမှခွင့်ပြုခဲ့ခြင်းလည်းမရှိဟု အသိပေးခဲ့သည်။
မဟာမုနိဘုရားကြီးအား နေ့စဉ် ဖူးမြော်ကြည်ညိုနိုင်စေရန် http://www.youtube.com, Mahamuni Pagoda Youtube Channel မှ ၂၄ နာရီထုတ်လွှင့်လျက်ရှိသည်ဟုလည်းအသိပေးကြေညာထားသည်။
